“ဒေသအတွင်းက ဒုက္ခရောက်နေတဲ့ လူထု လက်ထဲမှာ အကူအညီမရောက်မှာပဲ စိုးရိမ်ရတယ်”

မေလ ၇ ရက် နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာ ဟိုပုံး – ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်မှာရှိတဲ့ နန်းသြကျေးရွာအနီးမှာ စစ်ရှောင်တွေကို ကူညီပေးရန်အတွက် နိုင်ငံတကာ အာစီယံ အဖွဲ့အစည်းမှ သံအမတ်ကြီး အပါအဝင် ကိုယ်စားလှယ်တွေ စီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံရပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ

အာဆီယံ သံတမန်တွေ လိုက်ပါလာတဲ့ အာဆီယံ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center) ရဲ့ ယာဉ်တန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တိုက်ခိုက်ခဲ့ခြင်း မရှိဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကို မနေ့ မေ (၈) ရက် ညနေပိုင်းမှာ ပြောပါတယ်။

ဒီပစ်ခတ်မှုဟာ PNLO/PNLA ကို မနာလိုတဲ့ ၊ နိုင်ငံရေး အမြတ်မရတဲ့ အဖွဲ့က လုပ်တာ ဖြစ်တဲ့အကြောင်း ခွန်ဥက္ကာက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ယမန်နေ့မှာ ဆီဆိုင်မြို့နယ်ထဲကို လာတဲ့ အာဆီယံ သံတမန်၊ အရာရှိ ယာဥ်တန်းတွေကို လက်နက်ကိုင်တပ်ဖွဲ့ က တိုက်ခိုက်တဲ့ ဖြစ်စဥ်ကို ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲ့ဒီ သံတမန်ယာဥ်တန်းတွေက အာဆီယံ AHA စင်တာက အရာရှိတွေ ဖြစ်ပါတယ်။ သူတို့က ဆီဆိုင်မြို့နယ်ထဲက ဒုက္ခသည်စခန်းကို ပစ္စည်းသွားပို့ ဖို့ပေါ့နော်။ အမှန်ကတော့ ပစ္စည်းက ၆ ရက်နေ့ ကတည်းက ရောက်နေပြီးသား၊ ဒါပေမဲ့ မနေ့ (မေ ၇ ရက်) ကတော့ သူတို့ လူကိုယ်တိုင် လိုက်သွားမယ်။ လူကိုယ်တိုင် သွားဝေပေးမယ် အဲ့လိုပေါ့။ နောက်ပြီးတော့ IDPs တွေနဲ့ အင်တာဗျူးမယ် စကားပြောမယ်ပေါ့။ အစ ပထမ ချိန်းတာက ရေဖြူစခန်း ဖြစ်တယ်၊ ဒါပေမဲ့ အဲ့စခန်းက ကရင်နီ နယ်စပ်နဲ့ နီးတော့ သူတို့ကို ဆီဆိုင်မှာ ရှိတဲ့ PNLO ရဲ့ ဆက်ဆံရေးရုံးမှာပဲ ချိန်းကြတယ်။

ရေဖြူစခန်းက အိမ်ထောင်စု (၁၀) စုကိုလည်း ကားကြီး ကားငယ်နဲ့ တင်ခေါ်လာပြီးတော့ သူတို့ကို နမူနာ အနေနဲ့ ပေးမယ်၊ အားလုံးကိုလည်း မခေါ်လာနိုင်ဘူးလေ။ အဲ့ဒီ အိမ်ထောင်စု (၁၀) ခုနဲ့ ဆက်ဆံရေးရုံးမှာ ပေးကြမယ်လို့ စီစဥ်ထားတာ။ ပေးမယ့် ပစ္စည်းတွေထဲမှာ ဆန်အိတ်တွေပါမယ်။ ကျန်းမာရေး ပစ္စည်းတွေပါမယ်။ အဲ့ပစ္စည်း (၃) မျိုးကို သွားပေးတာပါ။ ပေးတဲ့နေရာမှာ ကူညီနိုင်ဖို့ ဆိုပြီးတော့ PNLO ရဲ့ ဥက္ကဌ ခွန်ထွန်းတင်ကလည်း သွားစောင့်နေတယ်၊ အဲ့ဒီအချိန်မှာ တောင်ကြီးက ထွက်တဲ့ ကားတန်းက ကောင်စစ်ဝန်တို့လို ၊ ပြီးတော့ သံအမတ် ကတော့တစ်ယောက် တည်း ပဲပါတယ်။ အဲ့လို သံတမန် အရာရှိတွေ ပါကြပါတယ်။ အဲ့ဒီလို ထွက်သွားတဲ့ အချိန်မှာ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးပါတယ်။ အဲ့ဒီအသွားမှာ စစ်တပ်မပါဘူး။ ကား စုစုပေါင်းက (၁၁) စီးဖြစ်ပါတယ်။ ပစ်ခတ်တဲ့ အဖွဲ့က အဲ့ဒီ နောက်ဆုံး တစ်စီးကို ပစ်ခတ်နှောက်ယှက်တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကလည်း လူတွေကို ဖမ်းဆီး ၊ ရိုက်နှက် ၊ သတ်ဖြတ်ဖို့ မဟုတ်လောက်ပါဘူး။ ရှေ့ဆက်မသွားနိုင်အောင် သေနတ်ဖောက်ပြီးတော့ သတိပေးတဲ့ သဘောပါပဲ။ ဆီဆိုင်ရောက်ဖို့အတွက် လေးမိုင်ပဲလိုတော့တာ။ ဒါပေမဲ့ အဲ့ဒီမှာ ပစ်ခတ်မှု ဖြစ်တော့ ရှေ့မဆက်တော့ပဲနဲ့ တပ်ရင်းမှူးရဲ့ အမိန့်အရ ပြန်လာကြပါတယ်။ ပြန်လာတဲ့ အချိန်မှာတော့ တိုင်းမှူးက စစ်တပ်ကို လွှတ်ပြီးတော့ သွားကြိုပါတယ်။ ကျနော်က အဲ့လို သိရပါတယ်။

ပစ်ခတ်ခံရသည့် ကား

မေး ။ ။ ပစ်ခတ်မှု ဖြစ်တာက ဘယ်ရွာ ဘယ်နေရာမှာလဲ။

ဖြေ ။ ။ နားသြဆိုတဲ့ ကျေးရွာမှာပေါ့။ အဲ့ဒီ နားသြကျေးရွာက ဆီဆိုင်မြို့နဲ့ လေးမိုင်ပဲ ကွာတော့တယ်၊ နားသြရွာ က ကုန်းတက်လည်း ဖြစ်တယ်၊ လမ်းကွေ့လည်း ဖြစ်တယ်။

မေး ။ ။ ဒီယာဥ်တန်းကို လာရောက်ပစ်ခတ်မှု ပုံစံကရော ဘယ်လိုလဲဆိုတာ သိရလားရှင့်။

ဖြေ ။ ။ လာပစ်တဲ့ အဖွဲ့ကလည်း ၁၀ ချက်လောက် ပစ်သွားကြတယ်တဲ့။ သေနတ်အရှည်နဲ့ပဲ ပစ်ကြတာ၊ ပြီးတော့ သူတို့က တောင်ယာသွားတဲ့ ပုံစံ၊ ပအိုဝ်းဝတ်စုံတွေကိုပဲ ဝတ်ထားကြတာ။ စုစုပေါင်းက ၅/၆ ယောက်လောက် ရှိမယ်လို့ သိရတယ်။ သူတို့က ကားနဲ့လာကြတာ။ အဲ့လို လာပစ်ပြီးတော့ ကားပေါ်ပြန်တက်ပြီး ပြေးသွား ကြတယ်လို့ ပြောပါတယ်။

မေး ။ ။ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတွေရော ရှိလားရှင့်။

ဖြေ ။ ။ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ ကားကိုတော့ ထိတယ်။ လူကိုတော့ မထိဘူး။

မေး ။ ။ ဒီပစ်ခတ်မှုက ဘာကြောင့် ဖြစ်တယ်လို့ ထင်မိလဲရှင့်။

ဖြေ ။ ။ တကယ်လို့သာ ဒီယာဥ်တန်းသာ ရှေ့ဆက်သွားမယ် ရွာသားတွေနဲ့တွေ့ပြီးတော့ မေးမြန်းမယ်။ စကားပြောမယ် ဆိုလို့ရှိရင် အကြောင်းအရာတွေကို ပေးမသိချင်တဲ့ သဘော၊ ရွာခံတွေနဲ့ ပေးမတွေ့ချင်တဲ့ သဘောပါတယ်။ ဒါကြောင့် အပြင်ကလူ လာပစ်တာထက်ကို အတွင်းထဲက နားလည်မှု တစ်ခုခုလွဲပြီးတော့ ဖြစ်တာလို့ ပြောချင် ပါတယ်။

ပစ်ခတ်ခံရသည့် ကား

မေး ။ ။ ဒီပစ်ခတ်မှုမှာ ဘယ်အဖွဲ့အစည်းက လုပ်လဲဆိုတာရော ဗိုလ်မှူးကြီး သိရလားရှင့်။

ဖြေ ။ ။ အင်း သိတယ်၊ အုပ်ချုပ်ရေးပိုင်းအရ ပြောရင်တော့ ဒါက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပေါ့နော်။ ဒါပေမဲ့ ကျနော်ပြောပြလို့ မရဘူး၊ ဖြစ်နိုင်ချေ ရှိတဲ့ အဖွဲ့အစည်းကိုပေါ့။ အဲ့ဒီ ပတ်ဝန်းကျင်မှာနေတဲ့ အဖွဲ့တွေပါပဲ။ အဲ့ဒီဘက်မှာ လွမ်းမိုးနေတာကလည်း ရဲရှိမယ်၊ စစ်တပ်ရှိမယ်၊ ပြီးတော့ ဌာနေပြည်သူ့စစ် ဆိုတဲ့ PNA ဆိုတာ ရှိပါတယ်။

မေး ။ ။ ဒီပစ်ခတ်မှုဟာ PNLO က လုပ်တယ် ဆိုပြီးတော့ PNA အရာရှိ တစ်ဦးက မီဒီယာတွေကို ဖြေထားတာ တွေ့တယ်ရှင့်၊ ဒီအပေါ်မှာရော ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လို သုံးသပ်ပြောဆိုချင်လဲရှင့်။

ဖြေ ။ ။ PNLO က ဒီကိစ္စမှာ စီစဥ်ဆောင်ရွက်တဲ့သူလေ၊ သံအရာရှိတွေ၊ သံအမတ်တွေကို ခေါ်သွားတာ PNLO ကိုယ်စားလှယ်လည်း ပါနေတယ်။ ပြီးတော့ ပစ္စည်းဝေမယ့် နေရာမှာလည်း PNLO ဒုတိယ ဥက္ကဌကိုယ်တိုင် ပါဝင်မယ်။ ဒီကိစ္စလုပ်ဖို့အတွက် ဘာလီကျွန်းမှာ သွားညှိတုန်းကလည်း PNLO ပါတယ်။ PNLO ဦးဆောင်ပြီး သွားညှိခဲ့တယ်။ ဘာလီကျွန်းက သဘောတူညီချက်အရ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ စပေးဖို့ ဆိုပြီးတော့ စီမံလုပ်ဆောင်ကြတာပါ။ အဲ့ဒီလို ဖြစ်နေတာ PNLO က ပစ်ဖို့အကြောင်းမှ မရှိပဲ။

PNLO က ဒါတွေကို လုပ်ဖြစ်သွားရင် နိုင်ငံရေးအရ အာဆီယံက အသိအမှတ်ပြုမယ်။ အာဆီယံနဲ့လည်း ရေရှည် လက်တွဲသွားတဲ့ အခွင့်အလမ်းတွေ ရနိုင်မယ်။ PNLO အတွက်က အခွင့်အလမ်းကောင်းတွေ ၊ နိုင်ငံရေး အမြတ်တွေချည်းပဲ။ PNLO က ပစ်ဖို့ အကြောင်းမရှိဘူး။ နိုင်ငံရေး အမြတ်မရနိုင်တဲ့ အဖွဲ့က လုပ်ချင် လုပ်မှာပေါ့၊ အဲ့ဒါကို စဥ်းစားဖို့လိုတယ်။

မေး ။ ။ အခုလိုမျိုး PNA ဘက်ကနေ ဒီပစ်ခတ်မှုကို PNLO လုပ်တယ် ပြောတဲ့ အပေါ်မှာ ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လို တုန့်ပြန်ပြောဆိုချင်လဲရှင့်။

ဖြေ ။ ။ ဒါက ဖြစ်နိုင်ချေမှ မရှိတာ၊ ကားထဲမှာလည်း PNLO အရာရှိတွေ လိုက်ပါနေသလို ဆီဆိုင်မှာလည်း PNLO ဒုတိယ ဥက္ကဌ ခွန်ထွန်းတင်နဲ့ အဖွဲ့သားတွေက စောင့်နေတယ်၊ နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ ၊ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေတဲ့ အလုပ်ပါ။ PNLO ကို မနာလိုတဲ့ အဖွဲ့အစည်းရှိရင်တော့ အဲ့ဒီ အဖွဲ့အစည်းကပဲ ဖျက်ဆီးတာ ဖြစ်တယ်လို့ ပြောနိုင်တာပေါ့။ PNLO ကတော့ ဘယ်သူလုပ်ပါတယ်လို့ မပြောပါဘူး။ PNA က ပြောရင်လည်း မသိဘူးလေ။

မေး ။ ။ အခုလိုမျိုး ဖြစ်သွားတော့ ဒေသအတွင်း လုံခြုံရေးတွေ စိုးရိမ်ရလားရှင့်။

ဖြေ ။ ။ လုံခြုံရေးကိုတော့ စိုးရိမ်ရတယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေသအတွင်းက ဒုက္ခရောက်နေတဲ့ လူထု လက်ထဲမှာ အကူအညီမရောက်မှာပဲ စိုးရိမ်ရတယ်။ လူထုတွေ ငတ်မယ်၊ စားစရာ ဝတ်စရာမရှိတဲ့ အခြေအနေတွေ ရောက်မှာပဲ စိုးရိမ်ရတယ်။ အဲ့ဒီလို လူထုကို ကူညီထောက်ပံ့ပေးတဲ့ အလုပ်ကိုတော့ ဘယ်သူမှ မလုပ်ချင်ကြဘူး၊ လူထုဆီက ပိုက်ဆံကောက်မလား၊ လူသစ်ကောက်မလား၊ နှိပ်စက်မလား အဲ့လိုတွေတော့ လုပ်တတ်ကြတယ်။ ဒီလူထုကို ပြန်လည်ကူညီထောက်ပံ့ဖို့ကြတော့ မလုပ်ချင်ကြဘူး။ လုပ်နိုင်တဲ့ အဖွဲ့ကိုလည်း မနာလို ဖြစ်ကြတယ်။ အဲ့ဒါပါပဲ ပြဿနာကတော့။

မေး ။. ။ ထပ်မံဖြည့်စွက်ပြောချင်ရှိရင် ပြောပေးပါ။

ဖြေ ။ ။မရှိတော့ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

0
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက်...