ဆီဆိုင်မြို့နယ် ဒေသခံများ ကိုဗစ် – ၁၉ စစ်ဆေးရာ ယုံကြည်မှု မရှိကြ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှဒေသခံများကို သက်ဆိုင်ရာက ကိုဗစ် – ၁၉ စစ်ဆေးရာမှာ ယုံကြည်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းခဲ့ပြီး နှာစေး ချောင်းဆိုးဖြစ်သူများကို စစ်ဆေးရာမှာ positive ဖြစ်ကြသော်လည်း ထိုအဖြေကို ကျေးရွာဒေသခံများ ယုံကြည်လက်ခံမှု မရှိကြောင်း ကျေးရွာခံ တစ်ဦးက ပြောသည်။

“တစ်ချို့ရွာတွေက ဒေသခံတွေ အစစ်ဆေးမခံချင်ကြဘူး။ ခါတိုင်းနှစ်တွေလည်း ဒီလိုချိန်မှာ သူတို့တွေ နှာစေး ချောင်းဆိုးတာတွေရှိတယ်လို့ပြောတယ်။ ရာသီဥတု အကူးအပြောင်းလဲမှာပေါ့။ ခုက ကောက်စိုက်ရိတ်သိမ်းချိန် ခြေထောက်တွေက ရေထဲ အချိန်ပြည့်ရှိထားတယ်။ ခေါင်းက ပူပြီး ခြေထောက်က အေးနေတယ်။ နှာစေး တာတွေရှိတယ်။ ခု သူတို့ ကွင်းဆင်းစစ်ဆေးတာက နှာစေးရင် positive ဖြစ်ပြီ။ အဲ့ကြောင့် ရွာခံတွေက သိပ်ပြီး အယုံအကြည်မရှိတော့ဘူး” ဟု ဆီဆိုင်မြို့တွင်နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ် – ၁၉ ကူးစက်ခံရသူ တိုးများလာသည့်အတွက် နိုဝင်ဘာ (၁၄) ရက်နေ့ထိကို မနက် (၁၁) နာရီမှ ညနေ (၃)နာရီထိ လမ်းမကြီးနှင့်နီးသည့် ကျေးရွာများကို Semi-Lockdown ပြုလုပ်ထားကြောင်း စုံစမ်းသိရှိရသည်။

“လမ်းမကြီးတွေနဲ့ နီးတဲ့ ရွာတွေကို Semi Lockdown လုပ်ထားတယ်။ ဥပမာ – ဘန်းယဉ်၊ နောင်မွန်၊ ဆိုက်ခေါင် တွေလိုနေရာမျိုးမှာ ၁၁ နာရီ ကနေ ၃ နာရီအထိ အဝင်အထွက်မလုပ်ရဘူး၊ အဲ့ချိန်အတွင်း ကားတွေလာရင် ရွာကို မပေးဖြတ်ဘူး” ဟု နောင်မွန်ဒေသခံ တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်သည် ကိုဗစ် – ၁၉ ကူးစက်မှုနှုန်းများပြားလာပြီး ထိုကူးစက်မှုနှုန်း လျော့ချရန်အတွက် ဈေးဝယ်ခွင့်ကဒ် တစ်အိမ် တစ်ယောက်နှုန်းဖြင့်သာ အပြင်ထွက်ခွင့်ပြုထားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...