သျှမ်းပြည်တွင်း မြို့နယ် တချို့ စက်သုံးဆီများ ပြတ်လပ်နေဆဲ

သျှမ်းပြည်အတွင်းရှိ တချို့မြို့နယ်များတွင် စက်သုံးဆီများ ပြတ်လပ်နေသေးကြောင်း သတင်းသိရသည်။

စက်သုံးဆီပြတ်လပ်နေသည့် မြို့များမှာ သျှမ်းပြည်ဒေသများဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နမ္မတူ မြို့နယ်၊ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးမြို့၊ ညောင်ရွှေမြို့ တို့ဖြစ်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ စက်သုံးဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာရေးတွင် အခက်အခဲ များ ကြုံတွေ့နေရကြောင်း လားရှိုးမြို့မှ ယာဥ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့လို လိုင်းကားမောင်းတဲ့ သူတွေက ဒီအခက်ခဲကို ပိုသိတာပေါ့ဗျာ၊ ဘယ်လိုလဲဆိုရင် ကားခကို တိုးကောက်ရင်လည်း ခရီးသည်က မရှိတော့ခက်တယ်၊ အခုဆိုမြို့တွင်းမှာ ဆီတွေပြတ်လပ်နေတယ်၊ ကားတွေနဲ့ ဆီဖြည့်ပေးဖို့ ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့ပဲ ထည့်ပေးတယ်” ဟု လားရှိုးမြို့မှ ခရီးသည် လိုင်းကားမောင်း သည့် ကားသမားတစ်ဦးက ပြောသည်။

သျှမ်းပြည်တွင်း ဆီဆိုင် (ပုံဟောင်း)

ထို့အတူ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့၊ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့တို့တွင်လည်း စက်သုံးဆီဈေးနှုန်း ၂၃၀၀ ကျော်မှ ၂၀၀၀ ဝန်းကျင်သာရှိနေသော်လည်း စက်သုံးဆီများ ပြတ်လပ်နေဆဲဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့အတွင်းရှိ စက်သုံးဆီဆိုင်များ တချို့သည် ဆီပြတ်လပ်မှုကြောင့် ဆိုင်များ ပိတ်ထားနေရပြီး ဖွင့်နေသည့် ဆိုင်များကလည်း အကန့်အသတ်ဖြင့်သာ ဆီများကို ထည့်ပေးနေကြောင်း ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဆိုင်အများစုကတော့ ပိတ်ထားတာတွေ့ရတယ်။ ရောင်းတဲ့ဆိုင်ရှိပေမယ့် အကန့်သတ်နဲ့ ရောင်းပေးတာ ဒီလိုတွေဆက်ဖြစ်မှာဆိုရင် သွားလာရေးတွေ ကူးသန်းရောင်းဝယ်ရေးတွေ ထိခိုက်မှာအမှန်ပဲ၊ ဆီမရှိရင် ဘယ်သူမှ ဘယ်မှ သွားမရဘူးလေ” ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အတူပင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချသည့် ဆိုင်တချို့သည် ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းမှစပြီး ဓာတ်ဆီ ပြတ်လပ်နေကာ ဆိုင်ပိတ်ထားရခြင်းဖြစ်ပြီး တချို့ဆိုင်များက အကန့်အသတ် ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

ထို့အပြင် ညောင်ရွှေမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် အများစုသည် 92 ဓာတ်ဆီနှင့် ရိုးရိုးဒီဇယ် ပြတ်လပ်ကြောင်း ကြေညာကာ ဆိုင်ပိတ်ထားပြီး ဖွင့်လှစ်သည့် ဆိုင်အနည်းငယ် သည်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျနော် ဆီ သွားဖြည့်တော့ မြို့ပေါ်က ဆီပန့်ကြီးတွေမှာတောင် 92 မရှိတော့ဘူး၊ ဒီဇယ်လည်း ကုန်နေပြီတဲ့၊ ဖွင့်နေ တဲ့ ဆိုင်တွေကလည်း ပရီမီယံဒီဇယ်နဲ့ 95 ပဲ ရောင်းနေကြတာ။ ဒါတောင် လိုချင်သလောက် ဝယ်လို့ မရတော့ဘူး။ သူတို့ကတော့ ဆီကား မရောက်သေးလို့ ပိတ်ထားတာတဲ့၊ ဘယ်တော့ ရောက်နိုင်မလဲ မေးတော့ သူတို့လည်း သေချာ မသိဘူး ပြောတယ်” ဟု ညောင်ရွှေမြို့မှ အမျိုးသားက ဆက်လက် ပြောသည်။

ကမ္ဘာ့နိုင်ငံများ အပါအဝင် မြန်မာပြည်မှာလည်း စက်သုံးဆီ စျေးနှုန်းများ ရက်ဆက်ဆိုသလို ကျဆင်းလာသော်လည်း မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...