ဆိုက်ခေါင်စံပြကျေးရွာ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထား

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထားကြောင်း စုံစမ်းသိရသည်။

ဆိုက်ခေါင်

“ဒီနေ့ မနက်ပိုင်းကစပြီး လွိုင်ကော်တို့ဘက်က စစ်ရှောင်တွေရောက်လာတယ်၊ ကျနော်တို့ စီစဥ်ထားတဲ့ နေရာမှာ ရောက်လာတဲ့ စစ်ရှောင်တွေက ၅၀ ကျော် ဝန်းကျင်လောက်ရှိပါတယ်” ဟု ဆိုက်ခေါင်စံပြကျေးရွာ ရပ်မိရပ်ဖ ကော်မတီဝင် ခွန်ကျော်ဇေယျက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်များအား ကူညီပေးရေးနှင့်ပတ်သက်ပြီး ဆိုက်ခေါင်နေ တိုင်းရင်းသားပြည်သူများက နွေးထွေးစွာကြိုဆိုရန်၊ စစ်ဘေးရှောင်ပြည်သူများကို နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးနှင့် လိုအပ်သော အကူအညီများ တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကော်မတီဖွဲ့စည်းထားကြောင်းလည်း သိရသည်။

“ကျနော်တို့ စီစဥ်ထားတဲ့နေရာတွေက ၅ နေရာ ရှိနေပါတယ်၊ ရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေကို နွေးထွေးစွာ ကြိုဆိုမယ်၊ တတ်နိုင်တဲ့ အကူအညီတွေ ပေးမယ်လို့လည်း ကျနော်တို့ ကော်မတီက ဆုံးဖြတ်ထားပါတယ်” ဟု ခွန်ကျော်ဇေယျက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကယားပြည် (ကရင်နီပြည်)ဘက်မှ ထွက်ပြေးလာသော ပြည်သူများသည် ဆိုက်ခေါင်ကျေးရွာအတွင်းရှိ အမျိုးများနေအိမ်တွင် ခိုလှုံနေထိုင်ကြသူများလည်း များပြားနေကြောင်း သိရသည်။

စစ်ရှောင်များ ဆိုက်ခေါင်ဒေသသို့ ရောက်ရှိပြီး ခိုလှုံနိုင်ရန်အတွက် အုပ်ချုပ်ရေးမူး ခွန်လှထွန်း- ၀၉၇၈၈၈၁၆၄၈၆၊ ရပ်မိရပ်ဖ ကော်မတီ ဥက္ကဌ ဦးထိုက်အောင် – ၀၉၇၈၂၉၂၅၄၈၁၊ ခွန်ကျော်ဇေယျ – ၀၉၇၉၀၁၈၉၂၀၉ တို့ကို ဆက်သွယ်ပြီး ခိုလှုံနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...