စစ်ရှောင်ကလေး မျက်ကြည်လွှာ ခွဲစိတ်ကုသရန် ငွေကြေး လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကလေးငယ်တစ်ဦး မျက်ကြည်လွှာပျက်စီး နေသဖြင့် ခွဲစိတ်ကုသရန် ငွေကြေးလိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်ထဲက ကလေးငယ်များ

မျက်ကြည်လွှာပျက်စီးသွားသည် အသက် (၁၂) နှစ်ရှိ မောင်တောင်ဘို့ရည် သည် ပြီးခဲ့သည့် သြဂုတ်လပိုင်းတွင် ဘယ်ဘက် မျက်လုံး၏ ပထမမျက်ကြည်လွှာကို ဆုံးရှုံးရသူဖြစ်ပြီး လက်ရှိမှာ ခွဲစိတ်ကုသဖို့အတွက် ငွေကြေး အကူညီလိုအပ်နေကြောင်း ၎င်းမိဘဖြစ်သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စခန်းမှာ ကလေးတွေဆော့ရင်း တုတ်တွေနဲ့ ထိုးမိတာ။ ပထမ မျက်ကြည်လွှာက ပျက်သွားတယ်။ ပျက်သွားတဲ့ တစ်ဖက် မမြင်ရတော့ဘူး။ လေ၊ နေ အပူဒဏ်ရရင် သူမျက်လုံးကစပ်ပြီး မျက်ရည်ကျလာတယ်။ နေကာ မျက်မှန်ကို အမြဲတမ်း တပ်ထားရတယ်။ ဆရာဝန်က တော့ပြောတယ် မျက်ကြည်လွှာအလှူရှင်ရှိရင် ခွဲစိတ်ပေးမယ်တဲ့။ ခွဲစိတ်ဖို့စရိတ်က ကျပ်သိန်း (၂၀) လောက် ကုန်ကျမယ်။ အခုက ပိုက်ဆံမရှိတော့ဘာမှ မလုပ်ပေးနိုင်သေးဘူး “ ဟု ၎င်းမိဘဖြစ်သူ ပြောသည်။

ဆီဆိုင်စစ်ရှောင်

၎င်း၏ မျက်လုံးကို ခွဲစိတ်ကုသရန်အတွက် တောင်ကြီးမြို့ ပန်းလှိုင်အထူးကုဆေးရုံတွင် သွားရောက် ကုသရမည်ဖြစ်ပြီး ခွဲစိတ်ကုသပြီးလျှင် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း မိဘဖြစ်သူက ပြောသည်။

ထို့အပြင် အသက် ၁၄ အရွယ်ရှိ ကလေးတစ်ဦးသည်လည်း အသားဝါရောဂါ ဘီးပိုးကို ခံစားနေရပြီး ပုံမှန် တစ်လစာအတွက် ဆေးသောက်သုံးရကာ ယခုတွင် သောက်ဆေးဝယ်သောက်ရန်အတွက် အကူညီလိုအပ်နေ ကြောင်း သိရသည်။

“ အစက သူကအချိန်ခေါင်းကိုက်ပြီး ဖျားတာ။ တစ်ပတ်ကို ၃ ရက်လောက်ဖျားနေတယ်။ အဲ့နဲ့ တောင်ကြီး စဝ်စံထွန်းမှာ ဓာတ်မှန်သွားရိုက်တယ်။ ဆေးသောက်တယ်။ အခု ၄ လထဲရောက်လာပြီး သွေးသွားထပ်စစ်တာ သွေးထဲမှာ အသားဝါရောဂါ ဘီပိုးရှိနေတယ်တဲ့။ အဲ့ကြောင့် သူကဆေးသောက်ရတယ် ပုံမှန်တစ်လဆိုရင် ၁ သိန်း ၃ သောင်း ဝန်းကျင်လောက် ကုန်ကျတယ်။ အခုက ဆေးဖို့လိုအပ်နေတယ် “ ဟု ၎င်း စစ်ရှောင်ကော်မတီ တစ်ဦးက ပြောသည်။

ဆီဆိုင်စစ်ရှောင်

ထို့အပြင် ကရင်နီ (ကယား) ပြည်မှ စစ်ရှောင်လာသူ ဦးရေ (တစ်ထောင်) ကျော်မှာ လက်ရှိတွင် နေရပ်သို့ မပြန်နိုင်သေးသော်လည်း စားနပ်ရိက္ခာများလည်း စတင်ပြတ်လပ်နေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...