Tuesday, January 27, 2026

ဆီဆိုင် Semi – lockdown ထပ်မံတိုး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားသည့်အတွက် Semi – lockdown တစ်ပတ် ထပ်မံတိုးမြင့်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ်အတွင်း နိုဝင်ဘာ (၁၆ မှ ၂၂)ရက်ထိ မွန်းလွဲ ၂ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ Semi – lockdown ပြုလုပ်ထားကြောင်း သိရှိရသည်။

“ကိုဗစ်-၁၉ ကူးစက်မှုများတာကို အကြောင်းပြုပြီး ဒီလို lockdown ခနခန လုပ်တာ သူတို့ဘက်က တစ်ခုခု စိုးရိမ်နေကြသလိုပဲ။ ဘာလို့လဲဆိုတော့ ဆီဆိုင်က ဖယ်ခုံမြို့နဲ့ ကယားပြည်နယ်တွေနဲ့ ထိစပ်နေတော့ တိုက်ပွဲတွေ ပွားလာမှာကို စိုးရိမ်နေလို့ထင်တယ်။ ဒါမှမဟုတ် စစ်ရှောင်တွေ ကျနော်တို့ဘက် ရောက်လာမှာကို စိုးရိမ်နေတာလဲ ဖြစ်နိုင်တယ်” ဟု ဆီဆိုင်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့နယ်သည် စစ်ကောင်စီ နှင့် PDF တို့ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်များလည်း ရှိနေသည်။ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်သည် (၈၂)ကီလိုမီတာ သာ ကွာဝေးသည်။

ယခုလို ထပ်မံပြီး Semi-lockdown ပြုလုပ်ခြင်းသည် ဒေသခံများအတွက် စားဝတ်နေရေး အခက်ခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရှိရသည်။

“ကျနော်တို့ စားဝတ်နေရေးအခက်ခဲတွေ ကြုံတွေ့နေရတယ်။ မနက် ၅ နာရီကနေ ညနေ ၂ နာရီထိပဲ ဆိုင်တွေ ရောင်းခွင့်ရှိတော့ ညပိုင်းဈေးသည်တွေအတွက်က အခက်ခဲတွေဖြစ်တယ်။ ဥပမာ အကင်ဆိုင်ဆိုတော့ ညမှ ရောင်းရတော့ ခုမရောင်းရတော့ဘူး” ဟု ဆီဆိုင်မှ ဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း သက်ဆိုင်ရာဌာနများ ကိုဗစ် – ၁၉ ရှိ မရှိ ကွင်းဆင်းစစ်ဆေးမှုများ ယခင်ကထက် ပိုမို စစ်ဆေးလာကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

ဆီဆိုင်တွင် ဆိုင်ကယ်ခိုးသူများလာ၊ ဆေးရုံအဆောက်အအုံထဲ ဆိုင်ကယ်ထည့်ထားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ခိုးဆိုးလုယက်သူ များပြားလာခြင်းကြောင့် ဆေးရုံလူနာလာရောက်စောင့်သူများသည် ဆိုင်ကယ်များကို အဆောက်အအုံထဲထားပြီး အိပ်နေရသည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်မှ စပြီး ဆီဆိုင်မြို့ ၊ဆီဆိုင်ဈေး ၊ ဆေးရုံ နှင့် ဈေးဆိုင်များတွင် ဆိုင်ကယ်ပျောက်ဆုံးမှု ပိုများပြားလာ၍ ဆေးရုံတွင်လည်း လုံခြုံရေးအစောင့်မရှိသောကြောင့် ဆိုင်ကယ်များကို လူနာကုတင်နားအထိ...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO  ပြည်သူနေအိမ်များကို မီးရှို့ဟု PNLA ထုတ်ပြန်

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် ပြည်သူနေအိမ်များကို မီးရှို့နေကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ (ဩဂုတ်လ ၁၈ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်ကော်မရှင်နှင့် PNOတို့သည်  ဆီဆိုင်မြို့နယ် နောင်ထောဝ် ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၇ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။ နောင်ဗိုကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားခဲ့ပြီး နောင်ထောဝ်ကယန်းပိုင်း ကျေးရွာမှားတွင် နေအိမ် ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ “PNOပြည်သူ့စစ်က စစ်ကော်မရှင်ကိုခေါ်ပြီး ပအိုဝ်းပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ။ သူတို့မီးရှို့နေတာက ပအိုဝ်းလူမျိုးနေအိမ်တွေများတယ်.။PNOက ကိုယ့်လူမျိုးနေအိမ်ကို ကိုယ်တိုင်မီးရှို့နေတာ။PNOအနေနဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ပအိုဝ်းလူမျိုးအသက်တွေနဲ့ ကာကွယ်ပေးနေရတယ်ဆိုတာ အမြင်မှန်ရသင့်ပြီ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင်  ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့်  နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း  ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များလိုအပ်နေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် စစ်ကောင်စီနှင့် PNO အရပ်သားနေအိမ်မီးရှို့ဟု PNLAပြော

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PNLA ပြောရေးဆိုခွင့်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဩဂုတ်လ (၅)ရက်နေ့မှ စပြီး PNOနှင့် စစ်ကောင်စီ တပ်သားများက အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ အုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်...