Wednesday, May 8, 2024

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့နယ် ဆန်ရောင်းဝယ်သူများကို မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီ ဖိအားပေး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများ မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှစပြီး ဆီဆိုင်မြို့နယ်အတွင်း ဆန်ရောင်းဝယ်ရေး ပွဲစားများနှင့် ဆန်စက်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် မူလပေါက်ဈေးရှိ ဆန်ဈေးနှုန်းကိုထပ်လျော့ပြီး ရောင်းချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။ ဉပမာအားဖြင့် ဆန်...

ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်းအောင်သူများ ဆရာအဖြစ်ခန့်အပ်မည်

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ ရှားပါးလာမှုကြောင့် (၁၀) တန်းအောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ တစ်သိန်းခွဲဖြင့် ပြည်သူလူထုမှ ခန့်အပ်မည်ဟု စုံစမ်းသိရသည်။ . စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာ အခက်အခဲ ဖြစ်လာပြီး...

ဆီဆိုင်မြို့နယ် ဒေသခံများ PNLO ထံ အခွန်ဆောင်ရမှုကြောင့် အကြွေးတင်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဒေသခံများသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထံအခွန်ဆောင်ဖို့ရန် ငွေကြေးခက်ခဲသောကြောင့် ချေးငှားခဲ့ရကာ အခွန်ဆောင်ခဲ့ရသဖြင့် အကြွေးတင်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်း ဒေသရှိ ကျေးရွာဒေသမှ ဒေသခံများထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး...

ဆီဆိုင်မြို့နယ် ဒေသခံများထံ PNLO မှ ရိက္ခာအတွက် ထော်လာဂျီတစ်စီး ကျပ်ငွေ ၁ သိန်းကောက်ခံ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ထော်လဂျီရှိနေအိမ်များထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှရိက္ခာအတွက် ဟုဆိုပြီး တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ် ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် PNLO မှ ရိက္ခာထောက်ပံ့ရန်ဟုဆိုပြီး ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀...

ဆီဆိုင် စစ်ရှောင်များနေထိုင်သည့် ကျေးရွာအတွင်း စစ်ကောင်စီ လာရောက်နေထိုင်

စစ်ရှောင်များနေထိုင်သည့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ပြီး တပ်စွဲနေထိုင်သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ကရင်နီ (ကယား) ပြည်အတွင်း စစ်အင်အား ဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် စစ်အင်အား ကား ၄...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ

သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက...

ဆီဆိုင်မြို့နယ် စစ်ရှောင်ကလေး များလာသည့်အတွက် စာသင်ဆောင် မလုံလောက်

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ကယန်းလေးရွာရှိ မူလတန်းကျောင်းတွင် စစ်ရှောင် ကလေးများလာသည့်အတွက် စာသင်ကျောင်းဆောင် မလုံလောက်မှု ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကယန်းလေးရွာရှိ အစိုးရ မူလတန်းကျောင်းတွင် ကျောင်းခန်း (၅) ခန်း သာရှိပြီး လူဦးရေ ၁၇၀ ဝန်းကျင်သာဆံ့သည်။ “ ရွာခံကော၊ စစ်ရှောင်ကော လူဦးရေများလာတာ။...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီထောက်ပံ့မှု အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထားကြောင်း သိရသည်။ မတ်လကုန်ပိုင်းမှစပြီး...

ဆီဆိုင်မြို့နယ် စစ်ရှောင် စားစရာမရှိ၊ အိမ်တိုင်ရောက် တောင်းစားနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် သျှမ်း - ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ စားစရာ မရှိသဖြင့် ဒေသခံများထံ အိမ်တိုင်ရောက် ဆန်တောင်းစားနေရကြောင်း စုံစမ်းသိရသည်။ အောင်ကလပ်ရွာ မှ စစ်ဘေးရှောင် စစ်ဘေးရှောင်များသည် ထွက်ပြေးတိမ်းရှောင်လာချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ ပုံမှန်မရရှိခဲ့ကာ အကူညီထောက်ပံ့မှု ပြတ်လပ်လာသဖြင့် အနီးအနားကျေးရွာရှိ...

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါးသည် ယနေ့ (ဧပြီ ၂၁) ရက် နံနက်ပိုင်းမှ စပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၂၁ ရက်) နံနက် ၈ နာရီကျော် အချိန်မှစပြီး နောင်မွန်ကျေးရွာအုပ်စုရှိ အမည်မဖော်လိုသည့်...

Latest news