စစ်ရှောင်

ကျောက်မဲ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ဘေးရှောင်ပြည်သူများ (၂၀၀၀) ကျော် သည် အောက်တိုဘာ (၁၈)ရက် တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “၂၀၀၀ ကျော်လောက်တော့...

ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ်  နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ  ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။ “တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။...

ကျောက်မဲတွင် ပစ်ခတ်သံငြိမ် သော်လည်း စစ်ရှောင် ၃၅၀၀ ကျော် ထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံမှ စုံစမ်းသိရသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ ကြား တိုက်ပွဲများငြိမ်နေသော်လည်း ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့ကအထိ...

ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်

အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်  ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန်  စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း  စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။  ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...

ကျောက်မဲမြို့နယ် စစ်ရှောင် တထောင်နီးပါး အခက်အခဲများစွာ ကြုံတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန်ခဲ (ခန်ခိုင်း) ကျေးရွာအုပ်စု အတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၇၀၀) ကျော် ခက်ခဲမှုများစွာ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် (၂၀၀)ကျော်နှင့် တောင်ထိပ်ကျေးရွာတွင် (၅၀၀)ကျော် ခိုလှုံနေရကြောင်းသိရသည်။ လက်ရှိ အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးသဖြင့်...

သီပေါတိုက်ပွဲကြား စစ်ရှောင်တဉီး မီးဖွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ရင်းအမျိုးသမီးတဦး ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။ စစ်ရှောင်လာရင်း မွေးဖွားလာသည့်ကလေးငယ် (ဓာတ်ပုံ Lao Main Hsipaw) ယမန်နေ့ ဇူလိုင်၂၂ ရက်က သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား တွင်သျှမ်းပြည်တိုးတက်ရေးပါတီ၊...

မိုင်းကိုင် စစ်ရှောင်တဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည် အစိုးရကူညီ

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည် အစိုးရ က တဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ...

ကျေးသီးမြို့နယ် စစ်ရှောင် ၂၆၀ ကျော် လက်ရှိ အချိန်ထိ နေရပ်မပြန်သေး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော် ၃ရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် သျှမ်းပြည် တောင်ပိုင်း ကျေးသီးတွင် စစ်ဘေးရှောင် ၂၆၀ ကျော် ရောက်လာကြောင်း သတင်းရရှိသည်။   ကျေးသီးမြို့နယ် ဝမ်ချင်ကျေးရွာ အုပ်စု ဖတ်နမ်ရွာ ဘုန်းကြီးကျောင်းတွင် တိုက်ပွဲကြောင့်စစ်ရှောင်...

လားရှိုးမန်ဆူ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိတိမ်းရှောင်နေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ မန်ဆူ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉ ) ည ၄နာရီတွင် စစ်ရှောင် ၅၀၀ကျော် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ လက်ရှိ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူများသည် လွယ်တောက်ကျေးရွာ၊ ပန်ဟုန်းကျေးရွာ မှ ပြည်သူများဖြစ်ကြပြီး ထိုသူများသည်...

Latest news