ကျောက်မဲမြို့နယ် ကျေးရွာတချို့စစ်ကြောင်းရှိနေသဖြင့် စစ်ရှောင် ၃၀၀ကျော် နေရပ်မပြန်နိုင်သေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ကျေးရွာတချို့ စစ်ကြောင်းများ ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀)ကျော် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရ သည်။

အောက်တိုဘာ ၁၈ ရက်တွင် စစ်ဘေးရှောင် ပြည်သူများ (၂၀၀၀) ကျော် နေရပ်သို့ပြန်သွားကြပေသာ်လည်း ဟိုနမ့်ကျေးရွာ နှင့် ကောင်းမှူးခံ ကျေးရွာ က ဒေသခံများ ၃၀၀ ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် ကပြောသည်။

“အဲ့ ၂ ရွာကတော့ သူတို့ရွာထဲမှာ အစိုးရတပ်မတော် စစ်ကြောင်းတွေ ရှိနေသေးလို့ အိမ်မပြန်ကြ သေးဘူး။ စစ်ဘေးရှောင် တွေ ၃၀၀ ကျော်လောက် ကျန်နေသေးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် ကပြောသည်။

နမ့်မဟင်ကျေးရွာ ဒေသခံများ တိုက်ပွဲကြောင့် စစ်ရှောင်နေချိန်ကာအတွင်း အစိုးရ တပ်မတော် စစ်ကြောင်းများသည် နမ့်မဟင်ကျေးရွာတွင် စခန်းချခဲ့ကာ နေထိုင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကျမတို့ ကြားတာကတော့ စစ်ကြောင်းတွေ ပုံဝိုးဘက်ကနေ ပြန်လှည့်ထွက်လာတယ်လို့ ကြားတယ်။အကုန် ပြန်ထွက်လာတာတော့ မဟုတ်ဘူး။ နည်းနည်းတော့ ကျန်နေအုံးမယ်။” နန်းအိမွန်အောင် ကပြောသည်။

တိုက်ပွဲကာလအတွင်း ကျေးရွာပြည်သူနေအိမ်များကို အစိုးရတပ်မတော်စစ်ကြောင်းများ ဝင်ရောက်မွှေနှောက်ထားပြီး အိမ်တွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်မွေး တိရစ္ဆာန်များကို သတ်စားခြင်း နှင့် နေအိမ်ဝင်းအတွင်း လက်နက်များ၊ ကျည်ခွံများစွာ ချန်ထားခဲ့ကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၅၀၀ ဝန်းကျင်ရှိခဲ့ပြီး၊ အောက်တိုဘာ ၁၆ရက် မှစတင်ကာ စစ်ရှောင် ၂၀၀၀ကျော် နေရပ်ပြန်သွာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီပေးသည့်သူများထံ သိရသည်။

“ စစ်ရှောင် ၂၀၀၀ကျော်ကတော့ နေရပ်ကို ပြန်နိုင်ခဲ့ပေမယ့် ၃၀၀ကျော်ကတော့ ကျန်နေသေးတယ်။ တိုက်ပွဲကြောင့် ပျက်ဆီးတဲ့ အိမ်တွေ၊ မွှေးနောက်ခံရတဲ့ အိမ်တွေအတွက် သက်ဆိုင်ရာက လာပြီးတော့ ပြုပြင်ပေးစေချင်ပါတယ်။ နေရပ်ပြန်သူတွေကတော့ စိုးရိမ်မှုနဲ့ ပြန်နေရတယ်” ဟု စစ်ရှောင်ကို ကူညီပေးသည် နန်းအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကျေးရွာ ပြည်သူများအနေဖြင့် နစ်နာမှု ရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများလည် ကျေးရွာတွေမှာ စည်းရုံးရေး ဆင်းရန်အတွက် ခက်ခဲကြောင်းလည်း ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။

ကျောက်မဲမြို့နယ်အတွင်း အောက်တိုဘာ ၂ ရက်မှ အောက်တိုဘာ ၁၁ ရက်ထိ အစိုးရတပ်မတော် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရပ်ရွာနေအိမ်အတွင်း လက်နက်ကြီးများ ကျသဖြင့် ဒေသခံလူထု ထိခိုက်ဒဏ်ရာရ ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည်။

လက်ရှိအချိန်သည် သီးနှံဆွတ်ခူးသည့် အချိန်ဖြစ်သဖြင့် တိုက်ပွဲများ မဖြစ်စေချင်ကြောင်း ၊ စစ်ကြောင်းများလည်း နောက်ဆုတ်ပေးမှသာလျှင် စစ်ရှောင်များ နေရပ်ပြန်နိုင်မည်ဖြစ်သဖြင့် တိုက်ပွဲများ မဖြစ်ပွားစေရန်၊ တိုက်ပွဲများ လုံးဝရပ်တန့်ပေးရန် စစ်ရှောင်များက တိုက်တွန်းတောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...