တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။

U Soe Naing


လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ကိုအားလု က သျှမ်းသံတော်ဆင့်ကိုပြောသည်။


“စစ်ရှောင် စုစုပေါင်း ၁ထောင်ကျောက်ရှိပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းရက်မှ ထွက်ပြေးလာကြတာ။ တိုက်ပွဲထပ်မံဖြစ်မှာစိုးရိမ်လို့ ရှောင်လာကြတဲ့သဘောပါ” ဟု ကိုအားလု က ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မိုးကုတ်မြို့နယ် ကျောက်ဝါ၊ ရှမ်းကုန်းစံ၊ လီဆူကုန်းစံ၊ ချောင်းကြီး နှင့် လေဘာ ကျေးရွာတွင် နေထိုင်ကြသည့်ပြည်သူများဖြစ်ပြီး၊ လက်ရှိမှာတော့ မိုးကုတ်မြို့ပေါ်ရှိ လီဆူပတ္တမြားခန်းမ၊ ပိတ်ဆည်ဘုရားကျောင်း၊ အောက်မင်္ဂလာဓမ္မာရုံ၊ လီဆူဗုဒ္ဓဘာသာကျောင်း၊ ရွှေကူဓမ္မာရုံ နှင့် မိုးကုတ်မြို့ပေါ်ရှိ ဆွေမျိုးများနေအိမ်တွင် နာခိုးနေကြကြောင်းသိရသည်။

“စစ်ရှောင်တွေ အားလုံးအတွက်တော့ ကျနော်တို့မိုးကုတ်မြို့ပေါ်စေတနာရှင်လာကူညီပါတယ်။ အဆင်ပြေပါတယ်။ မနေ့ကလည်း အစိုးရအဖွဲ့တွေလာပြီးကြည့်ပါတယ်” ဟု ကိုအားလု က ပြောသည်။

လက်ရှိကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အချိန်ကာလလည်းဖြစ်နေသည့်အတွက် စစ်ရှောင်များကို အတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လက်ဆေးရည်များလှူဒါန်းပေးခြင်း နှင့် Mask (နှာခေါင်းစည်း)များကိုပါ ပေးကြောင်း၊ ကိုအားလု က ထပ်လောင်းပြောသည်။

ထိုစစ်ရှောင်များသည် နိုဝင်ဘာ ၂၅ရက် မှစတင်ပြီး စစ်ရှောင်လာကြပြီး၊ အများစုမှာ ကလေးငယ်များ၊ အမျိုးသမီးများနှင့် အသက်ကြီးသူများဖြစ်ကြောင်း သိရသည်။

“ အခု ရက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပေမယ့် တိုက်ပွဲဖြစ်မှာတော့ ဒေသခံတွေ ကြောက်နေတယ်။ ဖြစ်တဲ့နေရာကကလည်း မြို့နဲ့နီးတယ်လေ။ စစ်ကြောင်းတွေရှိနေသေးတော့ သူတို့လည်း မပြန်ကြသေးတာ” ဟု မိုးကုတ်ဒေသခံ စိုင်းလှမောင် ကပြောသည်။

TNLA နှင့် အစိုးရတပ်မတော်တို့သည် နိုဝင်ဘာ ၂၄ရက် ည ၈နာရီဝန်းကျင်တွင် တိုက်ပွဲထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထို့နောက် တိုက်ပွဲမဖြစ်ပွားခဲ့တော့ကြောင်း TNLA ၏ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

”တိုက်ပွဲက အဲ့နေ့ တကြိမ်ပဲဖြစ်တာပါ။ ၁၅မိနစ်ပဲဖြစ်တာ။ စိုးရိမ်စရာမရှိပါဘူး။ ထိတွေ့မှုပါပဲ” ဟု တားအိုက်ကျော် ကဆိုသည်။

သို့သော် မိုးကုတ်ဒေသခံများပြောပြချက်အရ နိုဝင်ဘာ ၂၄ရက် ညတွင်ဖြစ်ပွားသည်တိုက်ပွဲတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိကြောင်း။ မိုးကုတ်မြို့ပေါ်ထိ လက်နက်ကြီးသံ၊သေနတ်သံများကြားနေရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင်လည်း မိုးကုတ်မြို့ တွင် TNLA နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...

မောက်မယ် စစ်ရှောင်နှစ်ဉီး စစ်တပ်လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် နားဟီးကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဉီးနှင့် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်တို့က မောက်မယ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေကြသည့်...