ကျောက်မဲမြို့နယ် စစ်ရှောင် တထောင်နီးပါး အခက်အခဲများစွာ ကြုံတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန်ခဲ (ခန်ခိုင်း) ကျေးရွာအုပ်စု အတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၇၀၀) ကျော် ခက်ခဲမှုများစွာ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

Photo by Nang Lao Lao/ facebook


အဆိုပါ စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် (၂၀၀)ကျော်နှင့် တောင်ထိပ်ကျေးရွာတွင် (၅၀၀)ကျော် ခိုလှုံနေရကြောင်းသိရသည်။


လက်ရှိ အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ဘေးရှောင်ပြည်သူများ၏ စာရင်းကို အတိအကျမသိရှိရသေးပေ။


ကျောက်မဲမြို့နယ် ခန်ခဲကျေးရွာ အနီးတွင် အောက်တိုဘာ (၄)ရက် ညနေပိုင်းကသျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA ) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ တိမ်းရှောင်လာကြသည့်ရွာသားများဖြစ်ကြကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ပုံဝိုးဘုန်းကြီးကျောင်းမှာက ၂၀၀ ကျော်ရှိနေပြီ။ ဒီနေ့ကတော့ ခန်ခိုင်းရွာမှာကျန်နေတဲ့ လူ ၁၀၀ ကျော်ကို ထပ်သွားခေါ်ဖို့ရှိတယ်။ ဒါပေမယ့် သွားဖြစ်မလားတော့မသေချာသေဘူး။ တောင်ထိပ်မှာလည်း လူ ၅၀၀ ကျော်လောက်တော့ရှိသေးတယ်” ဟု စိုင်းထွန်းဝင်း က ပြောသည်။


လက်ရှိ စစ်ဘေးရှောင်များစွာ ရှိနေသည့် အတွက် နေရာကြပ်တည်းခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်းတို့ စတင်ကြုံတွေ့နေရကြောင်း လည်း စိုင်းထွန်းဝင်း က ပြောသည်။


“အားလုံးက ဘုန်ကြီးကျောင်းမှာဘဲနေရတာ။ နေရာကတော့ ကြပ်တည်းမှု ရှိတယ်။ အစားအသောက်ခါကြတော့ ဆက်သွယ်မှုလိုင်းကောင်းနေတော့ အဆင်ပြေမှု ရှိပါတယ်။ ဒါပေမယ့် တောင်ထိပ်ကျေးရွာမှာတော့ ခက်ခဲမှုကတော့ ရှိနေတယ်” ဟု စိုင်းထွန်းဝင်းက ဆိုသည်။


တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါက စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေး အခက်အခဲများစွာ ဆက်လက်ကြုံတွေ့လာနိုင်ကြောင်း၊ တိုက်ပွဲကြောင့် နေအိမ်ကို ပစ်ထားရပြီး တရွာလုံးထွက်ပြေးလာရကြောင်းလည်း စစ်ရှောင် အမျိုးသား တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


“ဒီလိုမျိုး စစ်ပွဲတွေထပ်ဖြစ်နေမယ်ဆိုရင် ကျနော်တို့ရဲ စားဝတ်နေရေး အတွက်တော့ အခက်ခဲတွေ အများကြီးရှိလာနိုင်တယ်။ ဒီလိုစစ်ဖြစ်တာကတော့ မကောင်းဘူး။ ကျနော်တို့အတွက်လည်းမကောင်းဘူး။ အခုဆို အိမ်တွေကို ပစ်ထားရတယ်” ဟု ပုံဝိုးကျောင်းတွင် ရောက်ရှိနေသည့် အမျိုးသားတဦး ကပြောသည်။


ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွါးနေခြင်းသည် ပြည်သူများအတွက် များစွာ ထိခိုက်ပြီး၊ အဓိက အနေဖြင့် စားဝတ်နေရေး အတွက် ထိခိုက်နေကြောင်း လည်း ၎င်းအမျိုးသားက ပြောသည်။


စက်တင်ဘာလကုန်အထိ တဖက်သတ်အပစ်ရပ် ရက်ထပ်တိုးမည်ဖြစ်ကြောင်းအစိုးရတပ်မတော်၏ ပြန်ကြားရေးဌာနက ပြီးခဲ့သည့်အပတ်ကပင် ကြေငြာခဲ့သော်လည်း ကျောက်မဲမြို့နယ်အတွင်းတိုက်ပွဲသည် ယနေ့ (အောက်တိုဘာ ၆ ရက်) နေ့လည်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု လည်း သိရသည်။


နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ ကို ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ၊ လက်ရှိ တိုက်ပွဲသည် ရွေးကောက်ပွဲ နှင့် သက်ဆိုင်နေမလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့်နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...

မောက်မယ်မြို့နယ် တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ယနေ့(ဖေဖော်ဝါရီ ၂၀)ရက်ထိ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်စပြီး မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်တော် (PNLA) ဌာနချုပ်ဟောင်းရှိရာကို စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ...