စစ်ရှောင်
တောင်ကြီးတွင် အိမ်ခြေရာမဲ့ ပိုများလာ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ခြေယာမဲ့ လူများ ပိုများပြားလာနေသည်ဟု စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့တွင် စစ်ဘေးရှောင်လာသူများ များပြားလာခြင်း ၊အိမ်ခန်းခ ငှားရမ်းမှု စျေးနှုန်း အဆမတန် မြင့်တက်ခြင်းနှင့်အတူ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှားပါးလာမှုများကြောင့် အိမ်ခြေယာမဲ့ များ လာကြောင်း တောင်ကြီးမြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လမ်းဘေးမှာဆို အိမ်ခြေရာမဲ့တွေက ခုနောက်ပိုင်း အများကြီးတွေ့လာရတယ်။...
ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။ မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀)ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများရှားပါးလာကာ အရေပြားရောဂါကို အသက်(၁၀)နှစ်အောက် ကလေးများ အပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ “အရေပြားရောဂါ ဖြစ်နေတာကအယောက်( ၂၀၀)...
စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့်...
ညောင်ရွှေမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၃၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ် တလျှောက်နှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများစွာ...
ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...
ညောင်ရွှေမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၁ဦးထိခိုက်ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာနှစ်ခုကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်းများမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၁၃ ရက်) ညနေ ၆ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဘက်ကမ်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့်...
စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ရွှေတွင် ရွာလုံးကျွတ်ထွက်ပြေးနေရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေလျက်ရှိသော ညောင်ရွှေ-ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာ...
စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် ပြည်သူ ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
သျှမ်းပြည် ညောင်ရွှေမြို့နယ် ဘုရားတောင် လွယ်နွဲ့ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၇ နာရီကျော်အချိန်တွင်...
သျှမ်းပြည် တောင်ပိုင်းရှိ စစ်ဘေးရှောင်များ ရေရှားပါးမှုပြဿနာများကြုံတွေ့နေရ
သျှမ်းပြည် တောင်ပိုင်းတွင် ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် ရေရှားပါးမှု ပြဿနာများ စတင် ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် တောင်ပေါ်ဒေသရှိ တွင်းရေကန်ရေများ စတင်ခမ်းခြောက်လာသည့်အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ ၊နောင်တရား ၊ ဆီဆိုင် နှင့် ပင်လောင်း စသည့် မြို့နယ်တို့တွင် ရောက်ရှိနေသည့်...
မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ နေ့စဉ်ဗုံးကြဲ
SHAN -
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ် KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့မြောက်ဘက်အစပ်ရှိ စစ်ကေင်စီတပ် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည်...






