တောင်ကြီးတွင် အိမ်ခြေရာမဲ့ ပိုများလာ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်ခြေယာမဲ့ လူများ ပိုများပြားလာနေသည်ဟု စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့တွင် စစ်ဘေးရှောင်လာသူများ များပြားလာခြင်း ၊အိမ်ခန်းခ ငှားရမ်းမှု စျေးနှုန်း အဆမတန် မြင့်တက်ခြင်းနှင့်အတူ စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှားပါးလာမှုများကြောင့် အိမ်ခြေယာမဲ့ များ လာကြောင်း တောင်ကြီးမြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းဘေးမှာဆို အိမ်ခြေရာမဲ့တွေက ခုနောက်ပိုင်း အများကြီးတွေ့လာရတယ်။ သူတို့တွေက အုပ်စုလိုက်ပဲ။ (၇)ယောက် (၈) ယောက်လောက် ရှိတယ်။ကလေးတွေလည်းပါတယ်။အသက်ကြီးတွေရောပဲ။ တချို့စစ်ရှောင်တွေလည်း ပြန်လို့မရတဲ့ သူတွေရှိတယ်။ အိမ်ငှားဖို့လည်း မတတ်နိုင် အလုပ်လည်း မရှိတော့ အဲ့လို လမ်းဘေးရောက်ကုန်ကြတာ။” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင် တောင်ကြီးမြို့ထဲ တောင်းရမ်းစားသောက်ပြီး လမ်းဘေးတွင် အိပ်ကျသည့် အနာကြီးရောဂါသည်များ မတွေ့မြင်ရတော့ဘဲ ယခင်မမြင်ဖူးသည့် အိမ်ခြေရာမဲ့များသာ အများအပြားတွေ့နေရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် အိမ်ခန်းငှားရမ်းနေထိုင်လျှင် တစ်ထပ်တိုက် အိမ်တစ်လုံးလျှင် တစ်လ ကျပ်ငွေ (၅သိန်း) အထိပေးရပြီး၊ အခန်းကျဉ်း အခန်းတစ်ခန်းဆိုလျှင် တစ်လ ကျပ်ငွေ တစ်သိန်းခွဲအထိ ပေးရကာ နှစ်ထပ်တိုက်အိမ်ဖြစ်လျှင် တစ်လ (၁၀သိန်းကျပ်) ပေးငှားရကြောင်းသိရသည်။

တောင်ကြီးမြို့

ထို့အပြင် ယခု တောင်ကြီးမြို့တွင် အိမ်ခြေရာမဲ့များလာရခြင်းသည် အိမ်ရှင်နှင့် ပွဲစားများက စျေးအဆမတန် တောင်ယူမှုနှင့် အိမ်ခန်းငှားမည်ဆိုပါက ၃လ စာချုပ်၊ ၆လ စာချုပ်ဖြင့်သာ ငှားရမ်းနေထိုင်ရသဖြင့် စစ်ဘေးရှောင်များအနေဖြင့် ငွေကြေးမသက်နိုင်ကြသူများဖြစ်ကာ အိမ်ခြေရာမဲ့များဘဝသို့ နေထိုင်ရခြင်းဖြစ်သည်။

“ပွဲစားတွေ အိမ်ရှင်တွေကလည်း ဈေးအနည်းငယ်ပဲ တောင်းသင့်တယ်။ သူတို့က ကိုယ့်ဆီမှာ လာရောက် ခိုလုံတာ။ကိုယ့်ဘက်ကလည်း လူသားချင်းစာနာပြီး အပြန်အလှန်ကူညီမှုတွေ လုပ်စေချင်တယ်။ တချို့ဘဝတွေက တကယ်ကို သနားစရာကောင်းတယ်။ သူတို့မှာ ပြန်စရာလည်းမရှိဘူး၊ဘာမှ ရစရာမကျန်ကြတော့ဘူး။” ဟု တောင်ကြီးမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည့် သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ကြောင့် သိန္နီ၊ ကျောက်မဲ၊ သီပေါ နှင့် လားရှိုးမြို့မှ လာသည့်သူများရှိသကဲ့သို့ ကရင်နီပြည် “၁၁၁၁ စစ်ဆင်ရေး”ကြောင့် ရောက်ရှိလာသည့် သူများလည်း ရှိကြသည်။

လက်ရှိမှာ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် ညီနောင်မဟာမိတ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် MNDAA ထိန်းချုပ်သည့် နယ်မြေများတွင် စစ်ရေးငြိမ်သက်နေသဖြင့် တောင်ကြီးသို့ စစ်ရှောင်လာသည့်သူ အချို့ နေရပ်ပြန်သွားကြကြောင်းသိရသည်၊။

သို့သော် TNLA ထိန်းချုပ်သည့် နယ်မြေ အတွင်း စစ်ကောင်စီဘက်မှ နေ့စဉ်နှင့် အမျှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...