စစ်ရှောင်
နမ့်ခမ်းမြို့ စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်ထိရှိလာ
မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး TNLA တို့ သုံးရက်ကျော်ကာလအတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၂,၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း (နိုဝင်ဘာလ ၃ ရက်)တွင် နမ့်ခမ်းမြို့တွင် မြေပြင်တိုက်ပွဲအပြင် စစ်ကောင်စီဘက်မှ...
နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ...
မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး ပိတ်နေဆဲ
SHAN -
သျှမ်းပြည် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ရေးအခြေအနေ တင်းမာမှုကြောင့် ကားလမ်းများသည် ယနေ့ (နိုဝင်ဘာ ၅ ရက်) အထိ ပိတ်ထားသဖြင့် လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့များမှ ကားသမားများနှင့် ပြည်သူများက နမ့်လန်-ကျောက်ဂူ-ရပ်စောက်လမ်းကို အသုံးပြုနေကြကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့်...
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထား
SHAN -
သျှမ်းပြည် နမ့်ခမ်းမြို့နယ် စစ်ကောင်စီလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၅ ရက်) နံနက် ၆ နာရီခန့်မှပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA တပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီး...
လောက်ကိုင်မြို့ ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီးနေရပ်ပြန်
“ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် သျှမ်းပြည် လောက်ကိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူအချို့ အရဲစွန့်ပြီး နေရပ်ပြန်သွားကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၅ ရက်) နံနက်အစောပိုင်းမှစပြီး လောက်ကိုင်မြို့အတွင်း ပိတ်မိနေသော ပြည်သူအချို့သည် ကားဖြင့် လောက်ကိုင်မြို့မှတဆင့် ချင်းရွှေဟော်-ပန်ဆန်း (...
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေ
SHAN -
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နှစ်ဘက်တပ်ဖွဲ့များသည် ပြည်သူကို အကာအကွယ်ယူပြီး တိုက်ခိုက်နေကြကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)မှ...
နမ့်ခမ်းမြို့ တပ်စွဲထားသည့် စစ်ကောင်စီ ပြည်သူပိုင် ကုန်ပစ္စည်းများကို အဓမ္မယူစား
သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း တပ်စွဲနေရာ ယူထားသည့် စစ်ကောင်စီတပ်သည် ပြည်သူပိုင် ကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို အဓမ္မယူဆောင်စားသုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့ နမ့်ခမ်းဖောင်၊ ပေါက်တိုက်၊ ဟိုနောင်၊ အောင်မေတ္တာ ရပ်ကွက် နှင့် ဂျာမေ့ဗလီ တို့၌ စစ်ကောင်စီက တပ်စွဲ နေရာယူထားပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို ယူဆောင်စားသုံးနေကြောင်း လုံခြုံရေး...
“၁၀၂၇ စစ်ဆင်ရေး” ရက်တစ်ပတ်အတွင်း စစ်ရှောင် ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်
SHAN -
သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်ရေး”တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ယနေ့ (နိုဝင်ဘာ ၄...
စစ်ကောင်စီမှ ရဟတ်ယာဉ်လေးစင်းဖြင့် သိန္နီမြို့ပေါ်သို့ ပစ်ခတ်တိုက်ခိုက်
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရဟတ်ယာဉ်လေးစင်းသည် ဝေဟင်မှနေ၍ ပြည်သူနေအိမ်များရှိရာ သိန္နီမြို့အတွင်းသို့ စက်သေနတ်များဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဉီးမှ သျှမ်းသံတော်ဆင့် သို့ ပြောကြားသည်။ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစ၍ စစ်ကောင်စီမှ...
နမ့်ခမ်းမြို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ
မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် စစ်ရှောင် (၁,၅၀၀) ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်( နိုဝင်ဘာလ ၃ ရက် ) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်)...






