စစ်ရှောင်
နောင်ချို လက်နက်ကြီးကြောင့် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံး၊ ၄ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ၂ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် စစ်ကောင်စီတပ်...
လားရှိုး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်က စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထပ်မံကြေညာ
SHAN -
သျှမ်းပြည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်အုပ်ချုပ်ရေး (မာရှယ်လော)ကို တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး လက်မှတ်ဖြင့် ယနေ့ (နိုဝင်ဘာ ၁၅ ရက်)တွင် ထပ်မံကြေညာလာသည်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားသည့် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်တို့တွင် ည...
ပိတ်မိနေသည့် Non CDM ဝန်ထမ်း ၁၃၄ဦးကို KNDF ကယ်ထုတ်ခဲ့
SHAN -
ကရင်နီပြည် (ကယား) လွိုင်ကော်မြို့တွင် ပိတ်မိနေသည့် လွိုင်ကော်တက္ကသိုလ် နှင့် စက်မှုကျောင်းက Non CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ဦး ကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံမှ ဘေလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC ) က ထုတ်ပြန်ထားသည်။ ၁၁.၁၁...
ကျောက်မဲ အရပ်သား ၁ ဦး လက်နက်ကြီးထိ သေဆုံး၊ နောင်ပိန်ဂုတ်တွင်း တိုက်လေယာဉ် ဗုံးကျဲတိုက်ခိုက်
SHAN -
သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျောက်မဲမြို့တွင် အရပ်သား ၁ ဦး သေဆုံးပြီး ၊နောင်ပိန်တိုက်နယ်၌ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၂ နှင့် တအာင်း(ပလောင်) TNLA တပ်ဖွဲ့တို့မှ ယမန်နေ့ (နိုဝင်ဘာ...
ကရင်နီ စစ်ရှောင်များ အောင်ပန်းဂိတ်ဖြတ်ကျော်ခွင့်မရ
SHAN -
သျှမ်း-ကရင်နီ နယ်စပ်တစ်လျှောက် ၁၁.၁၁ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ကို အောင်ပန်းဂိတ် ဖြတ်ကျော်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။ နိုဝင်လာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကြောင့်...
လောက်ကိုင် ဆန် ပြတ်လပ် ခေါက်ဆွဲခြောက်ဝယ်ရခက်
SHAN -
သျှမ်းပြည် လောက်ကိုင်မြို့တွင် ဆန်ပြတ်လပ်နေပြီး၊ ခေါက်ဆွဲခြောက်များလည်း ရှာဝယ် ရခက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လောက်ကိုင်မြို့တွင် အနီးတဝှိက် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ စစ်ရေး ပြင်းထန်နေပြီး၊ လက်ရှိ ပိတ်မိနေသည့် ပြည်သူများသည် ဆန်ပြတ်လပ်မှု၊ ခေါက်ဆွဲခြောက် ရှားပါးမှု စတင်ကြုံတွေ့နေရကြောင်း လောက်ကိုင်တွင် ပိတ်မိနေသူ တစ်ဦးက...
သဲထိတ်ရင်ဖို အရဲစွန့် အိမ်ပြန်ခရီးလမ်း
“ကျနော်တို့ ချင်းရွှေဟော်ကို မကျော်မချင်းကတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်သေပြီလို့ပဲ ဆုံးဖြတ်လိုက်တယ် “ လို့ ဆိုကာ မိုင်းအိုက်တား (အမည်လွှဲ) က ကျော်ဖြတ်လာတဲ့ အိမ်ပြန်လမ်းခရီး ခက်ခဲမှု အတွေ့အကြုံတွေကို ရင်ဖွင့်လာပါတယ်။ မိုင်းအိုက်တားဟာ လောက်ကိုင်မြို့ က ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေး လုပ်ငန်း လုပ်နေသူ တစ်ဦးပါ။ “၁၀၂၇...
ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများ အရေးပေါ်လိုအပ်
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့သို့ စစ်ရှောင်လာသော စစ်ရှောင်အမျိုးသမီးများသည် လစဉ်သုံး ပစ္စည်းများ (၇)လနီးပါး ပြတ်လပ်နေေသဖြင့် အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ အမျိုးသမီး စစ်ရှောင်များအတွက် အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းမှုရှိသော်လည်း အမျိုးသမီးဦးရေသည် ထောင်ဂဏန်းထိ ရှိတာကြောင့် အချိန်တို အတွင်း ကုန်ဆုံးသွားကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...
နောင်ချို ဂုတ်တွင်း လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်နောက်မြီး ရှပ်ထိ၍ မီးခိုးထွက်
SHAN -
သျှမ်းပြည် ကျောက်မဲ- နောင်ချိုအကြားရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် လာရောက်ပစ်ခတ်နေသည့် တိုက်ခိုက်ရေး စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း နောက်မြီး ကျည်ရှပ်ထိ၍ မီးခိုးထွက်ကာ ပြန်လှည့်သွားရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ဘက်ရှိ နောင်ပိန်ဂုတ်တွင်းအနီးတွင် ယနေ့ (နိုဝင်ဘာလ ၁၄ ရက်) ၁၁ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂...
ပန်ဆိုင်းရှိစစ်ကောင်စီ ခြေမြန်တပ်ကုန်းစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
သျှမ်းပြည် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅၂၅) ခြေမြန် တပ်ရင်း တပ်ကုန်းစခန်းကို ညီနောင် မဟာမိတ် တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက် ည (၉) နာရီ ဝန်းကျင် အချိန်တွင် ပန်ဆိုင်းမြို့...






