စစ်ရှောင်

လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ

ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...

သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်

သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့်...

နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက်...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်...

သိန္နီမြို့နယ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သီန္နီမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သီန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း...

သီပေါ ကျင်သီတံတားအနီး ကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ် ဝင်ရောက်မွှေနှောက်ဖျက်ဆီး၊ပစ္စည်းယူ

သျှမ်းပြည် သီပေါမြို့နယ် ကျင်သီတံတားအနီးရှိ ကျေးရွာ နေအိမ်များကို စစ်ကောင်စီတပ်မှ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် ကျင်သီတံတားအနီးရှိ ပုံဖန်းကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူနေအိမ်များသို့ ဝင်ရောက်မွှေနှောက်ကာ အိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားများကို ယူဆောင်သွားကြောင်း သီပေါမြို့ဒေသခံများက ပြောသည်။ “စစ်ကောင်စီတပ်သားတွေက ပုံဖန်းရွာမှာရှိတဲ့ အိမ်တွေထဲဝင်ပြီး...

သိန္နီမြို့နယ် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA...

သျှမ်းတောင်ရောက် ကရင်နီ စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေးနှင့် ဆီဆိုင် ဒေသများတွင် ကရင်နီပြည်မှ အရေးပေါ် တိမ်းရှောင်လာရသူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံ စုံစမ်းသိရသည်။ ကရင်နီပြည်တွင် ဖြစ်ပွားသော တိုက်ပွဲများနှင့်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများကြောင့် ကရင်နီပြည်သူများမှာ နီးစပ်ရာ သျှမ်းတောင် ဒေသအသီးသီးသို့...

မူဆယ် (၁၀၅) မိုင် ဘုန်းကြီးကျောင်းထဲ ဒရုန်းဗုံး ပြုတ်ကျ ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါးထိ

မြန်မာ-တရုတ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲ ဒရုန်း ဗုံးပြုတ်ကျပြီး ပေါက်ကွဲမှုကြောင့် ကိုရင်ကြီး တစ်ပါး ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက် အတွင်းတွင်...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် လူ ၆ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် လောက်ကိုင်မြို့အထွက် တုန်ချိန်နှင့် ဆယ်တန်ဂိတ်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့်...

Latest news