Friday, April 26, 2024

စစ်ရှောင်

မိုးမောက် စစ်ဘေးရှောင် ၆၀၀ ခန့် အရေးပေါ် အကူညီလိုအပ်

ကချင်ပြည်နယ် မိုးမောက်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် (၆၀၀) ဝန်းကျင် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် မိုးမောက်မြို့နယ် လုံဂျာကျေးရွာ နှင့် နောင်ပေါင်း ကျေးရွာမှ ဒေသခံများ ဖြစ်ကြပြီး ရှမ်းမေ့ရောင်ခြည် ဘုန်းကြီးကျောင်း နှင့် လောကမာရစိန် ဘုန်းကြီးကျောင်းသို့...

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များ ဈေးသွားစဥ် ငွေကြေး ခြိမ်းခြောက်တောင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်များ စျေးသွားရောင်းစဥ် လမ်းတစ်ဝက် အရောက်တွင် ရဲယောင်ဆောင်သည့် လူတစ်စုက ငွေကြေးလိမ်လည် တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်အချိန်တွင် နမ့်မန်းရွာမှ စစ်ဘေးရှောင် ရွာသား ၄...

ဟိုပုံးမြို့နယ် စစ်ဘေးရှောင် ၅၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်ရှိ စစ်ရှောင် ၅၀၀ ကျော်သည် စားနပ်ရိက္ခာ နှင့် တဲဆောက်ရန်အတွက် အမိုးအကာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု အောက်တိုဘာလမှ စတင်ပြီး သျှမ်းပြည်တွင်း ရာသီဉတု ပြောင်းလဲလာမှုကြောင့် အသက် ၃၀ ကျော် အရွယ် စစ်ရှောင်များ နှင့်...

ကျောက်မဲမြို့နယ်စစ်ရှောင်များ ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမမှ စစ်ရှောင်များ နှင့် မိုင်းငေါ့မြို့နယ်ခွဲ အတွင်းရှိ စစ်ရှောင်များ (၅၀၀၀) ခန့်သည် ယခုနှစ်ကုန်ပိုင်းမှ နေရပ်သို့ ပြန်မည်ဟု တောင်းဆိုလာကြောင်း သိရှိရသည်။ အောက်တိုဘာလ ပထမပတ်တွင် စစ်ရှောင်ကူညီရေး ကော်မတီများ နှင့် စစ်ရှောင်များက...

သျှမ်းတောင်စစ်ဘေးရှောင်များ အလှူရှင်မရှိ ဆန်ပြုတ် သောက်နေရ

သျှမ်းတောင်ရှိ စစ်ရှောင်များ ယခုလအတွင်း အလှူရှင်များမရှိသောကြောင့် ဆန်ပြုတ်သောက်နေရကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဆန်ပြုတ်သောက်နေရသည့် သျှမ်းတောင် စစ်ရှောင်များမှာ ဆီဆိုင်၊ ပင်လောင်း နှင့် ညောင်ရွှေမှ စစ်ရှောင်များဖြစ်ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်လက စပြီး အခုလထိ အလှူရှင်တွေ မရတော့ဘူး။ ကျနော်တို့...

နမ္မတူမြို့နယ်အတွင်း စစ်ရှောင်များ ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်ပြန်ပို့ခံရမည်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းရှိ ယခုလ အတွင်း စစ်ရှောင် ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်သို့ ပြန်လည်ပို့ခံရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခုလက်ရှိ နမ္မတူမြို့ကို ပြောင်းရွှေ့လာသော မြို့နယ်ထွေအုပ်အသစ်တစ်ဦးက ဦးဆောင်ပြီး လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စစ်ရှောင်များအားလုံးကို နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း...

နမ္မတူမြို့နယ်အတွင်း စစ်ရှောင်သစ် ၃၀၀နီးပါးရှိ စားနပ်ရိက္ခာအကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်းအနီး ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ရှောင် ၃၀၀ နီးပါးရှိလာပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း သတင်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အသစ် (၃၀၀) နီးပါး...

မိုင်းငေါ့မြို့နယ်ခွဲ စစ်ရှောင် (၂) ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ မန်ပေါက်ကျေးရွာနေ စစ်ရှောင် (၂) ဦးသည် မိုင်းငေါ့မြို့ သျှမ်းစာပေယဥ်ကျေးမှု ကျောင်းသို့ စားနပ်ရိက္ခာ သွားသယ်ယူရင်း လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မန်ပေါက်ကျေးရွာမှ...

လဲချားမြို့နယ်အတွင်း စစ်ကောင်စီကို တွေ့ဆုံခဲ့သည့် သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာ (၂၈) ရက် ညပိုင်းအချိန်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လဲချားမြို့ နှင့် (၂)...

နောင်ချို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ လာရောက် ခြိမ်းခြောက်မှုပြုလုပ်သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ ခြိမ်းခြောက်လို့ပဲ...

Latest news