စစ်ကောင်စီ
သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု
သျှမ်းပြည် ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် ပြည်မမှ တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ ခရီးသွားလာခွင့် ကန့်သတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ပထမပတ်မှ စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းမြောက်သို့ ခရီးသွားမည့် ၅ မျဉ်းစောင်း၊...
တောင်ခမ်းသို့ စစ်ကူပို့သည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လက်နက်ကြီးထိမှန် ပျက်စီး
SHAN -
သျှမ်းပြည် တောင်ပိုင်း၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်၊ တောင်ခမ်း တိုက်ပွဲသို့ စစ်ကူပို့သည့် စစ်တပ်ယာဉ်တန်းကို ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားတစ်စီး လုံးဝ ပျက်စီးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။ ရပ်စောက်မှ ထွက်ခွာလာသည့် စစ်ကား ၁၀ စီးပါ...
သီပေါမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ဦးသေဆုံး၊ ၁ဦးဒဏ်ရာရ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် နမ့်လန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ်မှ...
စစ်ဘေးရှောင် ကလေးငယ်များ၏ ပုံများအသုံးပြုကာလိုင်းပေါ်တွင် ငွေလိမ်မှုများဖြစ်ပွားနေ
SHAN -
စစ်ဘေးရှောင် ကလေးငယ်များ၏ ပုံများကို အသုံးချပြီး လူမှုကွန်ရက်စာမျက်နှာ ( Facebook group) များတွင် ငွေလိမ်လည်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လမှစတင်ပြီးတွင် ကရင်နီပြည်(ကယားပြည်နယ်) ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများကို လှူတန်းရန်ဟုဆိုကာ စစ်ရှောင်ကလေးများ၏ပုံများကို အသုံးချပြီး Facebook Group များအတွင်း လိမ်လည်မှုများ လိုက်လံပြုလုပ်နေကြောင်းသိရသည်။ ထို့အပြင် မြေပြင်တွင် ကိုယ်တိုင်ပါဝင်ကူညီပေးနေသူ...
လူအိပ်မောကျချိန် စစ်ကောင်စီ နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့ပေါ် လူနေရပ်ကွက်အတွင်း လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် စုစုပေါင်း (၁၁) ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၆ ရက်) နံနက် ၁ နာရီခွဲခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်)...
ဖယ်ခုံစစ်ရှောင်စခန်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ ၈ ဦးသေဆုံး
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ကလေးငယ်အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ် ၅ )ည ၉ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင် စခန်းတစ်ခုကို စစ်ကောင်စီမှ...
နောင်ချို စစ်ကောင်စီတပ် တာဝေးပစ်အမြောက်ကျည်ကြောင့် အရပ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ တာဝေးပစ် အမြောက် ကျည်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၃ ရက်တွင် နောင်ချိုမြို့နယ် တောင်ခမ်းအခြေစိုက် စစ်ကောင်စီ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA...
အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား
ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော ကိုးကန့်တပ်ဖွဲ့ MNDAA...
ဆုံးရှုံးနယ်မြေများအား တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လှည့်လည်စည်းရုံးနေ
တိုင်းရင်းသားလက်နက်ကိုင်အချို့ ထိန်းချုပ်ထားသော နယ်မြေဒေသကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းဌာနချုပ်အသီးသီးရှိ အောက်ခြေစစ်သည်များကို အားပေး၊ စည်းရုံး နေသည်။ နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့် နယ်မြေဆုံးရှုံးမှု ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယခုသီတင်းပတ် နှစ်ပတ်အတွင်း စစ်တိုင်းနှင့် စစ်ဌာနချုပ်များကို ဆက်တိုက်သွားရောက်နေခြင်း ဖြစ်သည်။ ယမန်နေ့...
မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ တစ်ဦးထိမှန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန်တုံမြို့ကို စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ) ည (၁၁)နာရီဝန်းကျင်တွင် စစ်ကောင်စီမှ မန်တုံမြို့ ကို ဂျက်လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်တိုက်ခိုက်ခဲ့ပြီး၊ ဒေသခံတစ်ဦးဒဏ်ရာရရှိကာ...





