Wednesday, January 28, 2026

အင်းလေးရေမှ ကရင်နီ (ကယားပြည်) သို့ စီးဆင်းမှုကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များ ရေဘေးထပ်ကြုံ

ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အင်းလေးဒေသမှ ရေများအလုံးစုံပြန်ကျနိုင်ရန်အတွက် မိုးဗြဲရေကာတာကို ဖွင့်ချလိုက်သောကြောင့် ကရင်နီ (ကယား)ပြည်တွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ မိုးဗြဲရေကာတာထပ်မံ ဖွင့်ချလိုက်သောကြောင့် ဘီလူးချောင်းတစ်လျှောက်နှင့် လွိုင်ကော်မြို့ပေါ်တွင် ရေးကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုမိုးဗြဲရေကာတာကို ဖောက်ချလိုက်ပြီ။ ရေကာကရင်နီဘက်ကို ပိုကြီးလာတယ်။ တောင်ကြီး၊ ညောင်ရွှေဘက်ကရော၊ ဖယ်ခုံ၊ မိုးဗြဲဘက်ရေတွေက အကုန်မြေနိမ့်ပိုင်းဖက်က စပါးခင်းတွေ၊ နေအိမ်တွေ ထပ်မြှုပ်တယ်” ဟု ၎င်းကပြောသည်။

ကရင်နီ ရေကြီးမှု

လက်ရှိ မိုးဗြဲရေကာအောက်ပိုင်းမှ ကျေးရွာအပါအဝင် လွိုင်ကော်မြိုပေါ်မှ ရပ်ကွက်ပေါင်း (၁၀) ကျော် ထပ်မံရေဘေးသင့်နေသည်ဟု သိရသည်။

“ဒါက စစ်ဘေးသင့်တဲ့ဒေသကို ရေးဘေးဒဏ်ပိုသင့်အောင် ဒုက္ခပိုရောက်အောင်လုပ်တယ်လို့ပဲယူဆတယ်။ ကရင်နီဒေသနဲ့ သျှမ်းတောင် စစ်ဇုန်ဒေသတွေမှာ ဒီထက်ပိုပြီး တော်လှန်ရေးတပ်ပေါင်းစုတွေ၊ စစ်ဘေးရှောင် ပြည်သူလူထုအတွက် ဒီထက်စားနပ်ရိက္ခာခက်ခဲမှု မဖြစ်မနေကြုံတွေ့လာမှာတော့ သေချာတယ်” ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်မှစ၍ ကရင်နီပြည်အတွင်း ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ နေရာဒေသ အနှံ့ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် လူ (၃) ဦးသေဆုံးပြီး ယာယီရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၅၇၄၇) စု ရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...