အင်းလေးရေမှ ကရင်နီ (ကယားပြည်) သို့ စီးဆင်းမှုကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များ ရေဘေးထပ်ကြုံ

ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အင်းလေးဒေသမှ ရေများအလုံးစုံပြန်ကျနိုင်ရန်အတွက် မိုးဗြဲရေကာတာကို ဖွင့်ချလိုက်သောကြောင့် ကရင်နီ (ကယား)ပြည်တွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ မိုးဗြဲရေကာတာထပ်မံ ဖွင့်ချလိုက်သောကြောင့် ဘီလူးချောင်းတစ်လျှောက်နှင့် လွိုင်ကော်မြို့ပေါ်တွင် ရေးကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုမိုးဗြဲရေကာတာကို ဖောက်ချလိုက်ပြီ။ ရေကာကရင်နီဘက်ကို ပိုကြီးလာတယ်။ တောင်ကြီး၊ ညောင်ရွှေဘက်ကရော၊ ဖယ်ခုံ၊ မိုးဗြဲဘက်ရေတွေက အကုန်မြေနိမ့်ပိုင်းဖက်က စပါးခင်းတွေ၊ နေအိမ်တွေ ထပ်မြှုပ်တယ်” ဟု ၎င်းကပြောသည်။

ကရင်နီ ရေကြီးမှု

လက်ရှိ မိုးဗြဲရေကာအောက်ပိုင်းမှ ကျေးရွာအပါအဝင် လွိုင်ကော်မြိုပေါ်မှ ရပ်ကွက်ပေါင်း (၁၀) ကျော် ထပ်မံရေဘေးသင့်နေသည်ဟု သိရသည်။

“ဒါက စစ်ဘေးသင့်တဲ့ဒေသကို ရေးဘေးဒဏ်ပိုသင့်အောင် ဒုက္ခပိုရောက်အောင်လုပ်တယ်လို့ပဲယူဆတယ်။ ကရင်နီဒေသနဲ့ သျှမ်းတောင် စစ်ဇုန်ဒေသတွေမှာ ဒီထက်ပိုပြီး တော်လှန်ရေးတပ်ပေါင်းစုတွေ၊ စစ်ဘေးရှောင် ပြည်သူလူထုအတွက် ဒီထက်စားနပ်ရိက္ခာခက်ခဲမှု မဖြစ်မနေကြုံတွေ့လာမှာတော့ သေချာတယ်” ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်မှစ၍ ကရင်နီပြည်အတွင်း ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ နေရာဒေသ အနှံ့ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် လူ (၃) ဦးသေဆုံးပြီး ယာယီရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၅၇၄၇) စု ရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...