Thursday, January 29, 2026

နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲ အမျိုးသမီး နှစ်ဦးသေဆုံး၊ အမျိုးသား တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ပင်တီးအုပ်စု ပန်စုံကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ် ဦးဒဏ်ရာရရှိသည်ဟု စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၃ ရက်)နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး နှစ်လုံးကြဲချပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးမှုရှိပြီး ထို့နေအိမ် မိသားစုဝင် အမျိုးသမီး ၂ ဦးသေဆုံးမှုရှိပြီး အမျိုးသားတစ်ဦး ဒဏ်ရဦရရှိသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ မနက် ၂နာရီဝန်းကျင်မှာ စစ်တပ်က ဗုံး ၂ လုံးလာကြဲသွားတယ် ။ အိမ်တစ်အိမ်ပဲထိသွားတယ်။ အဲအိမ်က အသက် ၇၀ ရှိတဲ့ အဖွားနဲ့ မြေးဖြစ်သူ အမျိုးသမီး ၁၇ နှစ်တစ်ယောက် ဆုံးသွားတယ်။ အဖေဖြစ်သူ အသက် ၃၀ အမျိုးသားက ဒဏ်ရာရရှိနေတယ် “ ဟု ၎င်းကပြောသည်။

နောင်ချို

ထိုရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲငြိမ်သက်တာ ၃ ရက်ရှိပြီး ယနေ့ (စက်တင်ဘာ ၁၃)ရက် နံနက်တွင် စစ်ကောင်စီမှ ရုတ်တရက်ဗုံးကြဲမှုကြောင့် ပြည်သူများ အထိတ်တလန့်ထွက်ပြေးကုန်ကြသည်ဟု မြို့နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ရွာအနီးက တိုက်ပွဲတွေငြိမ်တာ ၃ ရက်လောက်ရှိပြီ ရွာမှာတိုက်ပွဲမဖြစ်ပဲနဲ့ ဗုံးလာကြဲသွားတော့ ရွာကလူတွေ လန့်ပြီး ထွက်ပြေးတဲ့သူလည်း ပြေးနေကြတယ်။ ရွာထဲတိုက်ပွဲဖြစ်မှာကို ကြောက်ကြတယ် “ ဟု ၎င်းကပြောသည်။

အမြောက်တပ် အမတ (၂၀၆) နှင့် (၄၀၆) တို့ကို သိမ်းပိုက်ထားသည်ဟု ဩဂုတ်လ ၂၆ ရက်နေ့တွေ TNLA က ထုတ်ပြန်ထားပြီး အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် အမြောက်တပ်ရင်း (၃၅၄) တို့ကိုလည်း ယနေ့ (စက်တင်ဘာ ၁၃)ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တောင်ခမ်း တိုက်ပွဲနှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က TNLA ထုတ်ပြန်ခဲ့ရာ စစ်သား ရုပ်အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများကို ရုပ်သံတွင် တွေ့ရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...