Wednesday, January 28, 2026

စစ်ကောင်စီ

ပင်းတယမြို့ ပြည်သူများ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒမပြနိုင်အောင် စစ်ကောင်စီမှ နည်းမျိုးစုံ ခြိမ်းခြောက်နေကြောင်း စုံးစမ်းသိရှိရသည်။ ပင်းတယမြို့ ယနေ့ မေ ၁၈ ရက်နေ့တွင် လူငယ် ၅ ဦး ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များက အရပ်သားဝတ်ဖြင့် ပြည်သူများကို ဆန္ဒမပြရန် ဆက်ပြနေပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း...

ကျိုင်းတုံ ဒေသခံ (၂၀)ကို စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထား

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် အလိုမရှိ ဆန္ဒပြပြည်သူ (၂၀)ကို စစ်ကောင်စီ မှ ဖမ်းဆီး တရားစွဲဆိုထားကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံမြို့တွင် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ မှ စတင်ကာ ယနေ့ (မေ ၁၈ )ရက်ထိ စစ်ကောင်စီမှ အရပ်သား (၃၀) ဖမ်းဆီးခဲ့ပြီး၊...

သျှမ်းမြောက် စစ်ကောင်စီ စက်သုံးဆီယာဉ် (၇)စီး ကို KIA လက်နက်ကြီးဖြင့် ပစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဘက်မှ တင်ဆောင်လာသည့် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ယာဉ် (၇)စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လက်နက်ကြီးဖြစ် ပစ်ခတ်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ မနက် (၇)နာရီ ဝန်းကျင်တွင် သျှမ်းမြောက် ကွတ်ခိုင် နမ့်ပါချီး ကျေးရွာအနီး ရှိ ပြည်ထောင်စု...

တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့် အမျိုးသား (၂)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောင်းဆရာတစ်ဦး နှင့်အတူ အမျိုးသား (၂) ဦးကို ယနေ့(မေ ၁၇)ရက် မနက် (၂)နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းဆရာသည် တောင်ကြီးမြို့နယ် အထက်တန်းပြ ကျောင်းဆရာ ပြည့်ဖြိုးဝင်း နှင့် ၎င်း၏ သူငယ်ချင်း (၂)ဦးကို...

မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီ အုပ်စု မှ ယမန်နေ့ ( မေ ၁၆)ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နေ့လည် (၁)နာရီ ကျော်တွင် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဆရာသည်...

စစ်ကောင်စီတပ် ဝန်းရံထားသည့် မိုင်းယောင်းမြို့ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား

သျှမ်းရှေ့ စစ်ကောင်စီ ၏ တပ်စခန်းများ ဝန်းရံထားသည့် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ကုက္ကိုလ်ပင်ရွာ တွင် ယနေ့ (မေ ၁၄)ရက် ည ၇နာရီခွဲဝန်းကျင် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အလံအလွန်ကျယ်ပြီး မြေကြီးတုန်ခါသွားကြောင်း၊ လူထိခိုက်မှုမရှိကြောင်းလည်း မျက်မြင်တွေ့ရှိသည့် မိုင်းယောင်းမြို့ ဒေသခံအမျိုးသား...

ဟုန်ပန်းကုမ္ပဏီ တာချီလိတ်လယ်မြေများ အဓမ္မခြံခတ်သိမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် ရပ်ကွက် ဝမ်းဟောင်ရွာ ရှိ ပြည်သူပိုင် လယ်ယာမြေများကို ဟုန်ပန်း ကုမ္ပဏီ ကခြံစည်းရိုးခတ် သိမ်းယူေနကြောင်း သတင်းရရှိသည်။ ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ်...

ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ

တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး...

မူဆယ် လူငယ် (၂)ဦး လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။ ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။ မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ်...

ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့...

Latest news