ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အသေအပျောက်များရှိ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများသည် ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင် တိုက်ခိုက်ခံရပြီး ဒုတပ်ရင်မှူး အပါအဝင် တပ်သား ( ၁၁)ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် (၁)နာရီ မှ မနက် (၄)နာရီအထိ စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့် (MNDAA) နှင့် ရခိုင်တပ်မတော် (AA) တို့ ပူးပေါင်း တိုက်ခိုက်မှုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် (၁၁) ဦး သေဆုံးကာ၊ (၁၅)ဦးပျောက်ဆုံးနေကြောင်း ၊ စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မြေပြင် သတင်း အရသိရသည်။

“လက်နက်ကြီးတွေ ပစ်ကြတယ်။ ကျမတို့တော့ ဗုံးခိုကျင်းထဲ ပုန်းနေရတယ်။ လက်နက်ကြီး ၂ လုံး ကျတယ်။ တစ်လုံးတော့ ပေါက်သွားတယ်။ အိမ်တစ်အိမ်ထိသွားတယ်။ပြီးတော့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ တံခါးသွားပိတ်တော့ ရှထိသွားတာ။ ဆေးခန်းသွားပြပြီး ခုအိမ်ပြန်ရောက်ပါပြီ။” ဟု နမ့်ဖတ်ကာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့မနက်ပိုင်း ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ အုပ်စု ဖြစ်ပွားသည့် တိုက်ပွဲ အကြောင်းကို TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ အောက်ခြေ သတင်းအချက်အလက် ကို ကျနော်မသိရသေးဘူး။ ကျနော်လည်း သတင်းပဲကြားရသေးတယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညီနောင်မဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ တို့ လှုပ်ရှားသည့်နေရာသာဖြစ်ကြောင်း လည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ထပ်လောင်းပြောသည်။

ကွက်ခိုင်မြို့နယ်တွင် မေ (၃၀)ရက် တွင်လည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ အုပ်စုတို့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မေ(၁၈) ရက်တွင် ကွက်ခိုင်မြို့နယ် နမ့်ပါချီး ကျေးရွာအနီးရှိ ပြည်ထောင်စု လမ်းမပေါ်တွင် စစ်ကောင်စီအုပ်စု၏ စက်သုံးဆီ ကားတစ်စီးကို KIA မှ လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...