Thursday, April 25, 2024

စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး တံတားပေါ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လမ်းပိတ်ထား

Must read

သျှမ်းပြည် ဆီဆိုင်မြို့ နှင့် ကယားပြည် လွိုင်ကော်မြို့ကို ဆက်သွယ်ထားသည့် ထီးစဲခါးတံတားပေါ် ယနေ့ (ဇွန် ၉)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး၊ စစ်ကောင်စီ မှ လမ်းပိတ်ထားကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် တံတားပျက်စီးမှုအနည်းငယ်ရှိခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီ တပ်သားများက တံတားကို လမ်းပိတ်လိုက်ကြောင်း ဆီဆိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တံတားရဲ့ နှစ်ဖက်ထိပ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်။ ဒီလိုစစ်တပ်နဲ့ အရမ်းနီးတဲ့ နေရာမှာတောင် ပေါက်ကွဲမှု ဖြစ်တယ်ဆိုတော့ စဉ်းစားစရာဖြစ်လာပြီ။ အခုလည်း သူတို့က လမ်းပိတ်လိုက်ပြီ” ဟု ဆီဆိုင်ဒေသခံတစ်ဦး က ပြောသည်။

ကယားပြည် (ကရင်နီ) အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေကြောင်း၊ ထို့အပြင် စစ်ကောင်စီ ဘက်လည်း အင်အားဖြည့်တင်းမှု ရှိကာ ကရင်နီပြည်အတွင်းသို့ ဝင်၊ထွက်သည့် လမ်းများကိုလည်း ပိတ်ထားကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ လမ်းများ ပိတ်ဆို့ထားမှုကြောင့် ကရင်နီပြည် အတွင်း ရိက္ခာနှင့် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article