တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့်

စစ်အာဏာသိမ်းပြီး (၄) လကျော်ကာလအတွင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဖျော်ဖြေရေး နေရာများဖြစ်သည် ကာလာအိုကေ (KTV)ဆိုင်များနှင့် နိုက်ကလပ်များ ပြန်ဖွင့်လာကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထားနေသော်လည်း တာချီလိတ်မြို့ရှိ ုကာလအိုကေဆိုင်များကို စစ်ကောင်စီမှ ဖွင့်လှစ်ခွင့် ပေးထားသည်ဟု စုံစမ်းသိရှိရသည်။

“အခု တာချီလိတ်မှာ ဖွင့်နေတဲ့ နိုက်ကလပ်တွေ၊ KTV တွေ က စစ်ကောင်စီနဲ့ ညှိပြီးဖွင့်ထားတယ်။ တစ်ချို့ ဆိုင်တွေ က ဘတ်ငွေ သိန်းဂဏန်းထိ ပေးရတယ်လို့ ကြားတယ်” ဟု တာချီလိတ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ တာချီလိတ်မြို့ အတွင်း ဖွင့်ထားသည့် ဖျော်ဖြေရေး နေရာများတွင် စစ်ကောင်စီ အုပ်စုမှ ထုတ်သည့် ထွက်ကုန်များကို အဓိကထား ပြီး ရောင်းချနေကြောင်းလည်း သတင်းရရှိသည်။

“နိုက်ကလပ်တွေ KTV ဆိုင်တွေ က မြန်မာစည်ဘီယာတွေပဲ ချရောင်းတာတွေ့ရတယ်” ဟု Night Club ဝင်သည့် လူငယ်တစ်ဦး ကပြောသည်။

တာချီလိတ်အတွင်း နိုက်ကလပ်များ ပြန်လည်ဖွင့်လှစ်နေပြီး ရွှေမြေသာယာ ဈေးအနီးရှိ ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888) ကလပ်၏ ဧရိယာအတွင်း မေ (၂၅)ရက်နှင့် ဇွန် (၆)ရက် တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်မှ စတင်ပြီး ပြည်သူများနေ့စဉ် စားသောက်နေသည့် အခြေခံ စားသောက်ကုန် ထိုင်းကုန်ပစည်း (၅) မျိုးကို မြန်မာပြည်သို့တင်သွင်းရန် ပိတ်ပင်ခဲ့သည်။

ထို စားသောက်ကုန်ပစ္စည်းများပိတ်ပင်ပြီးနောက် နယ်စပ်ရှိ ကုန်စုံရောင်းသည့် ဆိုင်များကို စစ်ကောင်စီ လက်အောက်မှ ထုတ်သည့် ကုန်ပစ္စည်းများကို ရောင်းချရန် လာရောက် ကြေညာခဲ့ကြောင်း တာချီလိတ်မြို့ ကုန်စုံဆိုင်ရှင်များထံ သိရသည်။

“ အခုဆိုရင် ထိုင်းပစ္စည်းတွေ ဘီယာတွေ အရက်တွေ အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ပိတ်ခဲ့တယ်။ အခုဆိုရင် KTVတွေ နိုက်ကလပ်တွေဆိုရင် စစ်တပ်ထုတ်ကုန်တွေပဲလေ။ ဒါသူတို့ တမြင်လုပ်တာပဲ” ဟု ကုန်စုံဆိုင်ရှင် တစ်ဦး က ပြောသည်။

ထိုင်းထုတ်ကုန်ပစ္စည်းများ မကြာခင် ပြတ်လပ်တော့မည်ဖြစ်ကြောင်းလည်း မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ကုန်သည်များထံ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...