စစ်ကောင်စီမှ သေနတ်ပစ်ဖမ်းခေါ်သွားသည့် ရွှေညောင်လူငယ်(၂)ဦးအလောင်း ရင်ခွဲခံရ

သျှမ်းပြည် တောင်ပိုင်း ရွှေညောင်မြို့ စစ်ကောင်စီမှ ပစ်သတ်ခဲ့သည့် လူငယ် (၂) ဦး ၏ ရုပ်အလောင်း ကို မိသားစုဝင်များ ပြန်သွားထုတ်ရာ ရင်ခွဲထားသည့်ချုပ်ရာများတွေ့ရကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇွန် (၅ )ရက် ည (၈) နာရီတွင် ရွှေညောင်မြို့ မီးပွိုင့်လမ်းဆုံအနီး စစ်ကောင်စီမှ လူငယ် ၃ ဦးကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ပြီး လူငယ် ၂ ဦး သေနတ်ထိမှန်းပြီးသေဆုံးခဲ့သည်။

ထို့သေဆုံးသွားသည့် အသက် (၂၁)နှစ်အရွယ် သန့်ဇင်အောင် နှင့် အသက်(၂၅)နှစ်အရွယ် သိန်းနိုင်တို့ ရုပ်အလောင်း နှင့် ကျန်တစ်ဦးဖြစ်သည့် အသက် (၂၀) ခိုင်ဇော်ဝင်းကို ပါ စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ခိုင်ဇော်ဝင်း သည် ထောင်တွင်းရှိနေကသေးကြောင်း သိရသည်။

ထို သေဆုံးသွားသူ၏ ရုပ်အလောင်း (၂)လောင်းကို “ မနေ့က နေ့လည် ၁၂ နာရီအချိန်မှာအလောင်းကိုသွားထုတ်တယ်။ သေနတ်ဒဏ်ရာရထားတယ်။ ပြီးတော့သူတို့ ရင်ခွဲထားတယ်။ အလောင်းသွားထုတ်တဲ့ချိန်ဘာမှတော့မပြောဘူး။ အလောင်းထုတ်ခ ပိုက်ဆံ ၁ သောင်းပေးရတယ်” ဟု သေဆုံးသွားသည့်သူ၏ မိသားစုဝင်တစ်ဦး ကပြောသည်။

အဆိုပါ သေဆုံးသွားသည့် သူများကို အလောင်းသွားထုတ်ရာတွင် စစ်ကောင်စီဖက်မှ “ကျေနပ်လား” ဟု မိသားစုဝင်များကို ပြန်မေးခဲ့ကြောင်း အလောင်းလိုက်ပါသွားထုတ်ခဲ့သူတစ်ဦးကပြောသည်။

“ သူတို့အလောင်းသွားထုတ်တဲ့ချိန်မှာ သူတို့ မိသားစုဝင်ကို ကျေနပ်လားလို့မေးတယ်။ မိသားစုဝင်ဘက်ကလည်း အလောင်းပြန်ရရင်ကျေနပ်ပါတယ်လို့ပြောပြီးတော့ အလောင်းကို ထုတ်လာခဲ့တယ်။ ပိုက်ဆံတော့ပေးရတယ်” ဟု ရွှေညောင်မြို့အလောင်း လိုက်ပါသွားထုတ်သူ က ဆိုသည်။

ထို့ပြင် စစ်ကောင်စီမှ ခိုင်ဇော်ဝင်းကို လက်ရှိအချိန်ထိဖမ်းဆီးထားကြောင်း၊ ၎င်းသည် ကျန်းမားရေးအခြေအနေ မကောင်း သောကြောင့် အမြန်ဆုံးပြန်လွှတ်လာပေးရန် နှင့် မိသားစုများကလည်း လွန်စွာစိတ်ပူနေရကြောင်း ခိုင်ဇော်ဝင်း၏ ဖခင်ဖြစ်သူ က ပြောသည်။ မိသားစုဝင်များက ဆုတောင်းနေရကြောင်း ပြောသည်။

“ စားမဝင်အိပ်မပျော်ဘူး။ ကျနော်က သူအဖေလေး။ ခိုင်ဇော်ဝင်းက သတိရတစ်ချက် သတိမရတစ်ချက်ဖြစ်နေတယ်။ ကျန်းမားရေးခြေနေသိပ်မကောင်းဘူး။ အမြန်ဆုံးပြန်လွှတ်လာစေချင်တယ်။ အရမ်းစိုးရိမ်းတာပေါ့” ဟု ၎င်း၏ ဖခင်က ဝမ်းနည်းစွာဖြင့် ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...