စစ်ကောင်စီ
PNO တပ်ဖွဲ့မှ အရပ်သားတစ်ဦးကို ဖမ်းဆီးပြီးရိုက်သတ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကက္ကူကျေးရွာအုပ်စု ဆောင်ဖိုးကျေးရွာနေ အမျိုးသားတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်လိုက်သဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ တတိယ အပတ်ထဲတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဆောင်ဖိုးကျေးရွာနေ အသက် (၅၀) ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးကို...
ပင်းတယ PDF အလင်းပြန်ဝင်သည့် သတင်းမှားဖြစ်
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင် ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အခမ်းအနားမှာ စစ်ကောင်စီ လက်အောက်ခံ သက်ဆိုင်ရာ အရာရှိများက ပြုလုပ်ပြီး ပြည်သူကို ထင်ယောင်ထင်မှားအောင်...
နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅)...
နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျေးရွာများထဲတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ အပြိုင်အဆိုင် အင်အားဖြည့်တင်းလာသဖြင့် ပြည်သူများက တိုက်ပွဲထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအုပ်စု နှင့် ကုလားကွဲ ကျေးရွာအုပ်စုထဲတွင်...
သဘာဝ ဘေး နှင့် တပ်အလိုကျစီးပွားရေး
SHAN -
မိုးသဲသဲမဲမဲ ၂ နာရီလောက် ရွာချလိုက်တာလဲ ရေတွေကလည်း ဆိုင်ခန်းတွေထဲထိ တရိပ်ရိပ်တက်လာပြီး၊ ဆိုင်ထဲက ရောင်းတဲ့ပစ္စည်းသိမ်းချိန်တောင်မရခဲ့ပါ။ အဲ့ဒီ အဖြစ်အပျက်ကတော့ သြဂုတ် ၈ ရက်မှာ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ထဲက တလော့စျေးထဲက ဆိုင်ခန်းတွေပါပဲ။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေလည်းမြင့်တက်ကာ တာလော့စျေးဆိုင်မှ ပစ္စည်းတွေဟာ မိုးရေတဲ့အတူ မျောပါသွားတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။ “...
Kpay အကောင့် ဝင်ငွေ၊ ထွက်ငွေများ သူများ ပိတ်ခံရပြီး အမှုဖွင့်ခံထားရ
SHAN -
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ် ကျော်ကာလအတွင်းတွင် Kpay အကောင့် မှ ငွေကြေးအဝင်အထွက်များသည့် အကောင့်များကို ပိတ်သိမ်းပြီး အမှုဖွင့် စစ်ဆေးခံရကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲတွင် အဆောင်ဖွင့်ထားသည့် ကျောင်းဆရာတစ်ဦး၏ Kpay အကောင့်သည် ငွေကြေး အဝင် အထွက် များသောကြောင့်...
ရပ်စောက်မြို့နယ် စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူနေ
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဆုံကျေးရွာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူတပ်စွဲထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်မှစကာ အင်အား ၄၀ ဦးခန့်ရှိသည့် တပ်ရင်း ၂၄၉ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့သည် ကျောက်ဂူကျေးရွာမှ တစ်ဆင့် ကျောက်ဆုံကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ “ကျောက်ဂူမှာ...
နောင်ချိုမြို့နယ် ကားတိုက်မှုဖြစ် ရဲမေတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီးတွင် ယမန်နေ့ (စက်တင်ဘာ ၂၄) ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ ကား နှင့် ရဲဝန်ထမ်း မိသားစု ကားတိုက်မိရာမှ ရဲမေတစ်ဦး နှင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကားတိုက်ခံရပြီး သေဆုံးသွားသည့် ရဲမေ...
မိုးဗြဲ တိုက်ပွဲ စစ်ကောင်စီ အများအပြားသေဆုံး၊ PDF ဘက် ၂ ဦး ကျဆုံး
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ လွယ်ယင်း မင်္ဂလာကျေးရွာတွင် စစ်ကောင်စီ နှင့် PDF မဟာမိတ် တပ်ပေါင်းစုတို့သည် ယမန်နေ့ (စက်တင်ဘာ ၂၃) ရက်တွင် တိုက်ပွဲဖြစ်ကြရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ပြီး၊ PDF ဘက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့...
UWSA ထိန်းချုပ်နယ်မြေ ကိုဗစ်-၁၉ ပြန်မြင့်တက်၊ နယ်စပ်ဂိတ်တချို့ ပိတ်ထား
SHAN -
သျှမ်းပြည် အရှေ့ပိုင်း “ဝ” ညီညွတ်ရေးတပ်မတော် ( UWSA) ထိန်းချုပ်နယ်မြေ အဝင်၊အထွက် စစ်ဆေးရေးဂိတ် တစ်ခုဖြစ်သည့် ကောင်းစန်း (မိုင်းလွေ) ဂိတ်ကို ကိုဗစ် - ၁၉ ထပ်မံဖြစ်ပွားမှုကြောင့် ခေတ္တပိတ်ထားကြောင်း စုံစမ်းသိရသည်။ အဆိုပါ “UWSA” ထိန်းချုပ်နယ်မြေ ကောင်းစန်း(မိုင်းလွေ) ဂိတ်...





