Tuesday, May 7, 2024

နောင်ချိုမြို့နယ် ကားတိုက်မှုဖြစ် ရဲမေတစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီးတွင် ယမန်နေ့ (စက်တင်ဘာ ၂၄) ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ ကား နှင့် ရဲဝန်ထမ်း မိသားစု ကားတိုက်မိရာမှ ရဲမေတစ်ဦး နှင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကားတိုက်ခံရပြီး သေဆုံးသွားသည့် ရဲမေ နှင်းဝတ်ရည်ဝင်း (ခ) ဝတ်ရည်တို့ မိသားစု (၅) ဦးသည် ခရီးသွားပြီး အပြန်လမ်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကားတစ်စီးမှ ဝင်တိုက်မိသဖြင့် ရဲမေ နှင့် ၎င်း၏ အမျိုးသား ပွဲချင်းပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ကားတိုက်မှု ဖြစ်ပွား

“အချိန်ကတော့ နေ့လည် (၂) နာရီလောက်ကဗျ။ အိမ်စီးကားက ကျော်တက်ရင်း စစ်ကားတစ်စီး နဲ့ တိုက်မိကြတာ။ စစ်ကားကတော့ လမ်းဘေးထိုးသွားပြီး မြောင်းထဲမှာ ခံသွားတယ်။ အိမ်စီးကားထဲက လူတွေ ကတော့ (၂) ယောက် သေဆုံးသွားတယ်။ (၃) ယောက်ကတော့ ထိခိုက်ဒဏ်ရာရသွားတယ် “ ဟု ၎င်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အိမ်စီးကားတစ်စီးထဲတွင် ရဲမေတစ်ဦး အပါအဝင် လူ (၅) ဦးပါလာပြီး ပွဲချင်းပြီး သေဆုံးသွားသူ ရဲမေတစ်ဦး နှင့် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ကျန် (၃) ဦးမှာ ကလေး(၂) ဦးနှင့် အမျိုးသမီး (၁) ကတော့ ထိခိုက်ဒဏ်ရရှိ သွားကြောင်း သိရသည်။

ရဲမေ နှင်းဝတ်ရည်ဝင်း သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရလက ၁၊ အမစ ၃၂ သင်တန်းဆင်းတပ်ခွဲမှ ရဲမေတစ်ဦး ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article