Tuesday, April 23, 2024

မိုးဗြဲ တိုက်ပွဲ စစ်ကောင်စီ အများအပြားသေဆုံး၊ PDF ဘက် ၂ ဦး ကျဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ လွယ်ယင်း မင်္ဂလာကျေးရွာတွင် စစ်ကောင်စီ နှင့် PDF မဟာမိတ် တပ်ပေါင်းစုတို့သည် ယမန်နေ့ (စက်တင်ဘာ ၂၃) ရက်တွင် တိုက်ပွဲဖြစ်ကြရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ပြီး၊ PDF ဘက်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၂၃) ရက် မနက် ၃ နာရီခွဲ မှ စတင်ကာ ညနေ ၆ နာရီထိ စစ်ကောင်စီ နှင့် PDF မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပုံ/ဟောင်း ( မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် )

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ပြီး PDF ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးကာ စိုးရိမ်ဒဏ်ရာ (၃) ဦး နှင့် ဒဏ်ရာအသေးစား (၄) ဦးတို့ ရရှိခဲ့ကြောင်း မိုးဗြဲ PDF ထုတ်ပြန်ချက်အရ သိရသည်။

မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီများနှင့် မဟာမိတ် တပ်ပေါင်းစုများ ဖြစ်ကြသော MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ အချိန်ထိ စစ်ကောင်စီ နှင့် PDF မဟာမိတ် တပ်ပေါင်းစုတို့ စစ်ရေး တင်းမာနေဆဲ ဖြစ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article