Kpay အကောင့် ဝင်ငွေ၊ ထွက်ငွေများ သူများ ပိတ်ခံရပြီး အမှုဖွင့်ခံထားရ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ် ကျော်ကာလအတွင်းတွင် Kpay အကောင့် မှ ငွေကြေးအဝင်အထွက်များသည့် အကောင့်များကို ပိတ်သိမ်းပြီး အမှုဖွင့် စစ်ဆေးခံရကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲတွင် အဆောင်ဖွင့်ထားသည့် ကျောင်းဆရာတစ်ဦး၏ Kpay အကောင့်သည် ငွေကြေး အဝင် အထွက် များသောကြောင့် အကောင့်ပိတ်ခံလိုက်ရပြီး လက်ရှိမှာ အမှုဖွင့်ခံထားရကြောင်း သိရသည်။

“ကျနော်အကောင့် က ပိတ်ခံလိုက်ရတာ။ ငွေကြေး အဝင် အထွက်များလို့ မရိုးသားလို့ဆိုပြီးပိတ်လိုက်တာ။ ကျနော်က အဆောင်ဖွင့်ထားတယ်။ ပြီးတော့ တစ်ချို့က အလှူရှင်တွေဆိုရင်လည်း Kpay နဲ့ လက်ခံတယ်။ ပြီးတော့ ကျနော်ကို အမှုဖွင့်ပြီး စစ်ဆေးနေတယ်” ဟု ဆီဆိုင်မြို့နယ်က အဆောင်ပိုင်ရှင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Kpay

လက်ရှိမှာ Kpay အကောင့်ကို ပိတ်ခံလိုက်ရသည့် အပြင် ဖုန်းဆင်းကဒ်ကိုပါ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ထိုသို့ အဆောင်ပိုင်ရှင်က Kpay ပိတ်ခံရလိုက်သောကြောင့် ဗဟိုဘဏ်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဗဟိုဘဏ်မှ “ မင်းအကောင့်က အဝင်များတယ်။ အထွက်များတယ်။ မရိုးသားလို့ပိတ်လိုက်တာ။ မင်းရိုးသားရင်တော့ မင်းအကောင့် ပြန်ရမယ်။ မရိုးသားရင် တရားရုံးနဲ့ဖြေရှင်းရမယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ ထိုအဆောင်ပိုင်ရှင်သည် ငွေကျပ် သိန်း (၄၀၀) ပိတ်သိမ်း ခံလိုက်ရကြောင်း သိရသည်။

“ ကျနော်ပိုက်ဆံ သိန်း (၄၀၀) လောက်သိမ်းသွားတယ်။ အဲ့တာတွေက အိမ်ဆောက်ဖို့ လုပ်ထားတာ။ သူတို့တော့ (၅၀) ည နဲ့ အမှုဖွင့် ထားတာပါ။ ကျနော်တော့ အမှုမရင်ဆိုင်ဘူး။ ရင်ဆိုင်လည်း ကိုယ်ပိုက်ဆံက ပြန်ရမှာမဟုတ်ဘူး” ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီကလည်း Kpay အကောင့်များကို အဆင့် (၂) အထိ မမြင့်ထားသည့် အကောင့်များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် နှင့် မကိုက်ညီသည့် နံပါတ်များကိုလည်း အကောင့်ပိတ်သွားမည် ဟု ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် Kpay အကောင့် သုံးသူတစ်ချို့က ပိတ်ခံရပြီး တစ်ချို့က ငွေလိမ်လည်ခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...