Tuesday, January 27, 2026

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။

TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅) ရက် နေ့လည်ပိုင်းတွင် တကြိမ် ဝင်ရောက်ခဲ့ပြီး သေနတ်ပစ်ဖောက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ် ဝင်ရောက်ခဲ့ကာ ဆက်ကြေးလာပေးရန် လိပ်စာကဒ်လိုက်ဝေ ခဲ့ကြောင်း သိရသည်။

လက်နက်အပြည့်ဖြင့် နမ့်ခမ်းမြို့မစျေးထဲသို့ ဝင်လာသဖြင့် စျေးသည်များ စျေးပိတ်ပြီး နေအိမ်သို့ ပြန်ရကြောင်း နမ့်ခမ်းမြို့မစျေးထဲမှ စျေးသည် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ နမ့်ခမ်းမြို့မစျေးတွင်း ဝင်ရောက်လာသဖြင့် စျေးသည်များ ထိတ်လန့်မှုဖြစ်ပွား

“TNLA က လက်နက် နဲ့ ဝင်လာတော့ စျေးသည်တွေလည်း လန့်ပြီး အခု အိမ်ပြန်နေကြပြီ။ သူတို့တွေက ဆက်ကြေးလာပေးဖို့အတွက် လိပ်စာကဒ်လာဝေတာပါ။ ၂ ရက် ဆက်တိုက်လာတော့ လန့်ကြတာပေါ့။ ဒီနေ့တော့ သေနတ်သံမကြားဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

နမ့်ခမ်းမြို့လယ်ခေါင်ထိ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာပြီး၊ သေနတ်ပစ်ဖောက်ခြင်း၊ ဆက်ကြေးကို ပေါ်တင် တောင်းယူသည့် ကိစ္စကြောင့် ပြည်သူများအနေဖြင့် စိတ်လုံခြုံမှု မရှိကြောင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မြို့ထဲထိ TNLA တွေ ဝင်လာနိုင်ပြီး သေနတ်ဖောက်တာ နောက် ဆက်ကြေးကို ဆက်တိုက်ကောက်တာဟာ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး ပိုကြီးတယ်။ စိတ်မလုံခြုံဘူးပေါ့။ အခု ဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး။ ဆက်ကြေးက ပြီးခဲ့တဲ့ (၄) လ လောက်ပဲ လာကောက်သွားသေးတာ ” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

TNLA ဆက်ကြေး ကောက်မည့် လိပ်စာကဒ်တွင် ပါရှိသည့် ဖုန်းနံပတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သည့်အခါ သက်ဆိုင်ရာက မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်တွင်လည်း နမ့်ခမ်းမြို့မစျေးအတွင်း တအောင်း​ (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သားများ မြို့ထဲ ဝင်လာသည့် သတင်းကြောင့် စျေးသည်များ ထိတ်လန့်ကာ ဆိုင်ခန်းများ အလန့်တကြား ပိတ်သိမ်းခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

အလားတူ နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခွန်လာရောက်ကောက်ယူမှု ပြုလုပ်ရင်း ပစ်ခတ်မှုဖြစ်ပွားပြီး အခွန်လာကောက်သည့် သူများလည်း သေဆုံးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...