ရပ်စောက်မြို့နယ် စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဆုံကျေးရွာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူတပ်စွဲထားကြောင်း သတင်းသိရသည်။

ရပ်စောက် စစ်ကောင်စီ တပ်စွဲထားသည့် ဘုန်းကြီးကျောင်း

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်မှစကာ အင်အား ၄၀ ဦးခန့်ရှိသည့် တပ်ရင်း ၂၄၉ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့သည် ကျောက်ဂူကျေးရွာမှ တစ်ဆင့် ကျောက်ဆုံကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ဂူမှာ ရွာသားတွေထံ ရေတောင်းသောက်ရင်း သူတို့က နောင်ဝိုးဘက်ကနေလာကြတယ် လို့ပြောကြတယ်၊ ကျောက်ဂူကိုဖြတ်ပြီး ကျောက်ဆုံဘက်ကို ဆက်တက်သွားပြီး ဘုန်းကြီးကျောင်းမှာ နေရာချထားလိုက်တာ၊ ရွာသားတွေက အဖိတ်နေ့ဖြစ်လို့ တခြားနေရာရွေ့ဖို့ပြောတော့ ခဏလေးပဲနေမှာဆိုပြီး ဒီနေ့အထိ ကျောင်းဝင်းထဲမှာပဲ ရှိနေသေးတယ်” ဟု ကျောက်ဆုံကျေးရွာခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သားတို့သည် ကျောင်းဝင်းအတွင်း နေရာယူထားပြီး ရွာသားများမှ ဓလေ့ထုံးတမ်း အစဥ်အလာအရ ဝါတွင်း ရက်ကြီး အခါကြီးများတွင် ပြုလုပ်လေ့ရှိသည့် အလှူပွဲ အိုးစည်ဗုံမောင်း တီးခွင့် တားမြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ရပ်စောက် စစ်ကောင်စီ တပ်စွဲထားသည့် ဘုန်းကြီးကျောင်း

“ကျနော်တို့မှာ ဝါတွင်းကာလ ရက်ကြီးအခါကြီး လပြည့်လကွယ်တွေမှာ အိုးစည်တီးပြီး အလှူလုပ်တာရှိတယ်လေ၊ ဒါပေမဲ့ စစ်ကောင်စီတွေ ဘုန်းကြီးကျောင်းထဲလာပြီး နေရာယူတဲ့ အခါကျတော့ ကျနော်တို့မှာ အိုးစည်မတီးရတော့ဘူး” ဟု ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကောင်စီတို့ နေရာယူထားသည့် ကျောက်ဆုံဘုန်းကြီးကျောင်း နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ရွာနှင့် ကပ်လျက်တောထဲ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က နေရာယူ လှုပ်ရှားလျက်ရှိသည့် အတွက် ထိတွေ့မှုဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ကြောင်းလည်း သတင်းသိရသည်။

“စစ်ကောင်စီတွေက ရွာထဲထွက်လိုက်တာနဲ့ ထိတွေ့မှုဖြစ်ပွားနိုင်တယ်၊ ရွာစပ်နားက တောထဲမှာ SSPP တွေက လှုပ်ရှားနေတယ်လေ၊ ၂၆ ရက်မှာ စကစ တွေက ရွာလူကြီးတွေကိုခေါ်ပြီး SSPP လှုပ်ရှားမှုဘယ်လို ရှိလဲ၊ သူတို့ (စကစ) ရှင်းပစ်လိုက်ရမလားလို့ မေးတာတဲ့၊ အခုဆို ရွာသားတွေလည်း လန့်နေပြီ စစ်ကောင်စီတွေ ဘုန်းကြီးကျောင်းဝင်းထဲကနေ မထွက်ဘူး” ဟု ရွာခံအမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရပ်စောက်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေစဥ်တွင် စစ်ကောင်စီတို့ဘက်မှ လေကြောင်းလိုင်းဖြင့် လာရောက် ပစ်ခတ်ခြင်း လက်နက်ကြီးကျည်များကြောင့် ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်း နှင့် ပွဲရုံကို ထိမှန်ခဲ့ ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်အဖြစ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...