စစ်ကောင်စီ
လားရှိုးမြို့ပေါ် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းရောက်လာ
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့်...
ရွာငံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေ၊ ဒေသခံများကို ဖုန်းအသုံးပြုခွင့် မပေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဖုန်းလိုင်းဖြတ်တောက်ပြီး ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်မှစပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု ပါယ်ကင်း၊ သဖန်းပင်နှင့် ကျောက်တော ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်း ထိုးနေကာ...
လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်
SHAN -
သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...
အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးနေ၊ ထိုင်းအစိုးရ လုံခြုံရေးတင်းကြပ်ထား
SHAN -
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်...
ငလျင်အကြောင်းပြု၍ အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံမည်
SHAN -
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့သည် လာမည့် ဧပြီလ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ လက်ရှိ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်...
ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့
SHAN -
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...
စစ်ခေါင်းဆောင် တောင်ကြီးလာမည်ဆိုသည့်သတင်းကြောင့် တွဲကားများ ဖြတ်သန်းခွင့်ပိတ်ထား
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်သတင်းကြောင့် မြို့အဝင် အထွက် တွဲကားများကို ဖြတ်သန်းခွင့် ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။ လာမည့် ဧပြီလ (၁၁)ရက်တွင် ရွှေဘုန်းပွင့်ဘုရားထီးတင်ပွဲပြုလုပ်မည်ဖြစ်ပြီး ထိုပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည် ဖြစ်သောကြောင့် မြို့တွင်း အဝင်အထွက် ကားများကို စစ်ဆေးမှုတင်းကြပ်နေပြီး တွဲကားများကိုလည်း ဖြတ်သန်းခွင့်...
တောင်းခမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြည့်တင်းနေ
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများတွင် စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သတင်းရရှိသည်။ ဧပြီလ(၂)ရက်နေ့မှ (၂၂)နေ့အထိ ရက်ပေါင်း (၂၀)ကြာ TNLAတို့ အပစ်အခတ် ရပ်စဲကြောင်း စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသသို့ စစ်အင်အား...
တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်နေ
သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag ငလျင်ကြောင့် လူထောင်ချီ ဘေးသင့်နေချိန် နယ်စပ်မှတဆင့်ဝင်ရောက်လာသော တရုတ်ကြက်နီခြေ အဖွဲ့ယာဉ်တန်း ပစ်ခတ်ခံရခြင်းမှာ မဟုတ်မမှန်ကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဖြန့်ချိခဲ့ပြီး DVB သတင်းဌာနမှ ရေးသားဖော်ပြထားခဲ့သော “ငလျင်ဘေးသင့် ပြည်သူတွေကို ထောက်ပံ့ဖို့လာတဲ့...
တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...





