ရွာငံ စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုရှိ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ကျူးလွန်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ယမန်နေ့ ဧပြီလ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆)ရက်နေ့တွင် ရွာငံနယ်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် မျက်ခါးအင်းကျေးရွာအနီး တောတွင်းတွင် ပုန်းနေသော အသက် (၁၆ )နှစ်မှ (၁၈)နှစ် အရွယ်ရှိသည့် အမျိုးသမီး (၃) ဦးကို စစ်ကောင်စီ တပ်မ (၅၅) မှ တပ်သား (၆)ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည်ဟု SHRF ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ ရွာငံဒေသခံတစ်ဦးလည်းဖြစ် စစ်ရှောင်ကူညီနေသူတစ်ဦးလည်း ဖြစ်သည့် အသက်(၂၃)နှစ်အရွယ် မမိုးမိုးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ တပ်မ (၅၅)မှ လာရောက်ဖမ်းသွားခဲ့ပြီး ရွာငံရဲစခန်းတွင် နည်းမျိုးစုံဖြင့် ရိုက်နှက်ခံရပြီး အမျိုးသမီးအင်္ဂါအတွင်းသို့ ပြင်ပပစ္စည်းများ ထိုးသွင်းခြင်း၊ ရင်သားများအား ခါးပတ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခံခဲ့ရသည်ဟု သိရသည်။

လက်ရှိအနေအထားအရ SHRF အနေဖြင့် ရွာငံဒေသတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားပြီး နောင်တစ်ချိန်တွင် အရေးယူနိုင်ရန် ပြင်ဆင်ထားကြောင်း SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေကိုတော့ နိုင်ငံတကာမှာ စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီကို အရေးယူတရားစွဲထားတဲ့ အဖွဲ့အစည်းတွေကို ပေးပို့ထားပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီ အာဏာရှိနေသေးသမျှ အရေးယူနိုင်ရေး အလှမ်းဝေးနေသေးပေမဲ့ အတတ်နိုင်ဆုံး အခုချိန် မှတ်တမ်းယူထားပြီးတော့ နောင်တချိန် အရေးယူနိုင်ဖို့ ပြင်ဆင်ထားဖို့လိုပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ကျောက်ကူပြင်ကျေးရွာနေ အသက်(၃၆)နှစ်အရွယ် ကိုသိန်းထွန်းကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားပြီး ရွာငံရဲစခန်းတွင် သေသည်အထိ နှိပ်စက်ခဲ့ကြောင်း၊ ရွာငံမြို့ စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေသည်အထိ ရိုက်နှက် နှိပ်စက်ခံရသူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၆)ဦး ရှိသည်ဟု SHRF က ထုတ်ပြန်ထားသည်။

ထို့အပြင် ရွာငံမြို့နယ်ရှိ ဓနုအမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းရာ အရ တိုက်ခိုက်မှုကြုံတွေ့နေရပြီး စစ်ကောင်စီ၏ စစ်ကြောရေးတွင် ပြင်းထန်သော ရိုက်နှက်ချက်များကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျခြင်း၊ စစ်ရှောင်နေစဉ် တောထဲ၌ ကလေးမွေး၍ သေဆုံးရခြင်း စသည်တို့ ကြုံတွေ့နေရသည်။

လက်ရှိ ဓနုဒေသ ရွာငံတွင်ရှိသည့် အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံမှုကင်းမဲ့နေပြီး စစ်ကောင်စီတပ်သားများ၏ အန္တရာယ်၊ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေကိုပါ စိုးရိမ်ကြောင့်ကြနေကြကြောင်း ရွာငံမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဉီးက ပြောသည်။

စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် ရွာငံ

“ကျမတို့ ဓနုဒေသမှာက စစ်ကောင်စီတပ်က ဟိုးအရင်ကတည်းက လွှမ်းမိုးလာတယ်။ အခုနိုင်ငံရေး အခြေအနေအရ ကျမတို့ဒေသမှာ စစ်ကောင်စီတပ်သားတွေရဲ့ ရန်ကို ပိုကြောက်နေရတယ်။ ရွာတွေကို စစ်ကြောင်းထိုးတယ်။ အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။ သတ်ဖြတ် ဖမ်းဆီးမှုတွေ လုပ်တော့ သူတို့ကို ပိုကြောက်နေရတယ်။ စိတ်ရော ကိုယ်ရော လုံခြုံမှုမရှိနေဘူး”ဟု ၎င်းရွာငံဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီနှင့်ဆက်နွယ်သူများကို လိုက်လံရှင်းလင်းမှုများ ရှိသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တော်လှန်ရေး လက်နက်ကိုင်နှင့် ပတ်သက်သူများကို လိုက်လံဖမ်းဆီးမှုများ ရှိနေသည်။

ထိုကဲ့သို့ အပြန်အလှန် ဖမ်းဆီးမှုကြားတွင်လည်း ၎င်းနှင့် မသက်ဆိုင်သည့် သာမာန် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများလည်း ထပ်မံပြုလုပ်သည့်အတွက် နှစ်ထပ်ကွမ်း ကြောက်နေရပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မရှိကြောင်းလည်း အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့ကြောင့် စစ်ကောင်စီ စစ်ကြောင်းလာမည့်လမ်းကို သွားလာခြင်းမပြုဘဲ ရှောင်နေခြင်း၊ ဆက်သွယ်ရေးအရ ဖြတ်ထားခြင်း၊ အသွားအလာ အနေအထိုင် ဂရုစိုက်ခြင်း၊ မိမိ၏ လုံခြုံရေးကို ဦးစားပေးခြင်း၊ ဖုန်း ဒေတာများကို ရှင်းလင်းခြင်း စသည်တို့ ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ၏ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်သည်ဟု အကြုံပြု ပြောကြားထားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး (၄)နှစ်အတွင်း ရွာငံဒေသ၌ စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည် နေအိမ်(၂၂၅)လုံးရှိပြီး တဲ(၇)လုံး၊ ဆိုင် (၂)ဆိုင်၊ ဘုန်းကြီးကျောင်း (၁)ကျောင်း ၊ ဆိုင်ကယ် (၂)စီးနှင့် လယ်ယာသုံးပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု SHRF အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရွာငံမြို့နယ်နှင့် ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရရှိကာ နေအိမ် (၁၈)လုံးပျက်စီးခဲ့ကြောင်း သိရသည်။
4:59 PM

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...