လားရှိုးမြို့ပေါ် စစ်ကောင်စီယန္တရား ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မေလ (၁) ရက်မှစတင်ပြီး စစ်ကောင်စီတပ် ပြန်လည်အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းအများအပြား ထပ်မံရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် တရုတ်အကူအညီဖြင့် စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား ၂၀၀ ကျော် လားရှိုးမြို့ပေါ်သို့ ဝင်ရောက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို အုပ်ချုပ်ခွင့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“လားရှိုးမှာ ရုံးအားလုံး ပြန်ဖွင့်မယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောနေကြတယ်။ စစ်ကောင်စီက သိန္နီ၊ ကွမ်းလုံဘက်အထိ ရုံးပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်လို့ ကြားတယ်။ လားရှိုးပြန်ဝင်ချင်လား၊ သိန္နီပြန်ဝင်ချင်လား စာရင်းပေးဖို့ ပြောနေတာ။ ဒီပုံစံနဲ့ဆိုရင် သိန္နီနဲ့ လားရှိုး အနီးတဝိုက်တောင် ကိုးကန့်အတွက် သိပ်မသေချာဘူး”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ရောက် သျှမ်းပြည်မြောက်ပိုင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေရပ်စွန့်ခွာခဲ့သည့် ဝန်ထမ်းများကို နယ်မြေအခြေအနေ ပြန်လည်အေးချမ်းလာခြင်းကြောင့် တာဝန်ပေးအပ်သည့် အချိန်တွင် မူလတာဝန်ကျရာ ဒေသများသို့ သွားရောက်နိုင်ရန်အတွက် စနစ်တကျ စုဖွဲ့ထားရန် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရမှ ဧပြီလ (၁၉) ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

“ရုံးကတော့ အားလုံးပြန်ဖွင့်မှာပါ၊ ပြန်မဖွင့်နိုင်မှာက စာသင်ကျောင်းတွေပဲ ကျန်မယ်။ ဒါပေမယ့် ပညာရေးမှူးရုံးကတော့ ပြန်ဖွင့်မယ်။ စစ်ကောင်စီအတွက် အရေးကြီးတာက လဝက နဲ့ ထွေအုပ်ပဲ၊ နောက် ဆေးရုံရယ်။ စိုးရိမ်ရတာက သူတို့ပြန်ဝင်လာပြီးတော့ စစ်မှုထမ်းကောက်မှာ ကြောက်တာ၊ အခုတောင် ကိုးကန့်နဲ့ တွဲလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အကုန်လုံးကို ပြန်အနားပေးထားတာ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်ကောင်စီ လားရှိုးမြို့ပေါ်သို့ ပြန်ဝင်ရောက်လာ

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်စဉ်က မြို့ပေါ်ရပ်ကွက်များတွင် ခန့်ထားခဲ့သည့် အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီ ဝင်ရောက်လာပြီးနောက် တာဝန်မှ ရပ်နားခိုင်းထားပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များကို ရွေးချယ်ခန့်အပ်သွားမည်ဟု ဆိုသည်။

အလားတူ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ် ပြန်လည်တပ်စွဲခဲ့သည့် ဧပြီလ ၂၂ ရက် နောက်ပိုင်းမှ စတင်ပြီး လားရှိုးမြို့ အဝင်အထွက် (၄) နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ဖြတ်သန်းသွားသည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်မှ လားရှိုးမြို့အဝင် စစ်ဆေးရေးဂိတ်များကို မယ်ဟန်ကျေးရွာရှိ အဲဗားရှိုင်း စက်ပစ္စည်းဆိုင်တွင် တစ်နေရာ၊ နမ္မတူအထွက်လမ်းဘက် တစ်နေရာ၊ သိန္နီမြို့အထွက် အေတီတံတားထိပ် တစ်နေရာနှင့် အထက်မန်အိုင် ကျေးရွာဘက် တစ်နေရာ၊ စုစုပေါင်း (၄) နေရာတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ ငွေတောင်းခံနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် ကိုးကန့်တပ်အကြား လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားခွဲဝေမှု တိတိကျကျ မသိရှိရဘဲ ကြားကာလအုပ်ချုပ်ရေး ဖြစ်နေသည့်အတွက် သူခိုး၊ ဓားပြများလည်း အခွင့်အရေးယူကာ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...