နောင်ချိုတွင် အပစ်ရပ်ထားသည့်ကြားမှ နေ့စဉ်လေယာဉ်ဖြင့် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် အပစ်ရပ်ထားသည့်ကြားမှ စစ်ကောင်စီသည် နေ့စဉ်နီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရပါသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်မှ (၂၈) ရက်အထိ နောင်ချိုမြို့နယ် လုံးရုံကျေးရွာအုပ်စု ကျောက်ကြမ်းကျေးရွာနှင့် သဖန်းကုန်း ကျေးရွာဘက်တို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ထိခိုက်မှုမရှိသော်လည်း အဆောက်အဦ ပျက်စီးမှုရှိကြောင်း ရှေ့တန်းစစ်မြေပြင်မှ DPLA တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ချိုကိုတော့ နေ့တိုင်းလိုလို လေယာဉ်နဲ့ လာဝဲတယ်။ ဗုံးလည်း မကြာခဏ လာကြဲနေတာ၊ Y12 လေယာဉ်နဲ့ လာတယ်။ အဆိပ်ငွေ့ဗုံးတွေနဲ့ပါ လာကြဲတာ။ လက်နက်ကြီးနဲ့လည်း ခဏခဏ ထုနေတာ။ထိခိုက်မှုကတော့ မရှိဘူးလို့သိရတယ်”ဟု အဆိုပါ DPLAတပ်သားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လက်လွှတ်ထားရသည့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ယခုချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

ဆက်လက်ပြီး စစ်ကောင်စီဗုံးကြဲခံရသည့် သဖန်းကုန်းကျေးရွာနှင့် ကျောက်ကြမ်းကျေးရွာတွင် ဒေသခံ အနည်းငယ်သာကျန်ရှိပြီး အများစုမှာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရသည်ဟု သိရသည်။

“တစ်ရွာလုံးပေါင်းမှ အယောက်( ၂၀ )ကျော်ပဲ ကျန်မယ်ထင်တယ်။ တချို့က ပြေးစရာမရှိလို့ ကျန်နေတာ၊ တစ်ချို့ကလည်း အိမ်စောင့်အနေနဲ့ ကျန်တယ်။မလုံခြုံပေမဲ့လည်း သူတို့မှာ ပြေးစရာမရှိတော့ နေနေရတာပေါ့။ အဲ့ဘက်ရွာတွေက ဖုန်းလိုင်းလည်း မရတော့ဘူး။ သူတို့ကိုလည်း စိတ်ပူ၊ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပြီး နေကြရတာပေါ့”ဟု DPLA တပ်သားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၇)ရက်တွင်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် သစ်စက်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟုသိရသည်။

ဧပြီလ (၃၀)ရက်အထိ စစ်ကောင်စီဘက်မှ အပစ်ခတ်ရပ်ထားရန် သက်တမ်းတိုးထားသော်လည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် နယ်မြေများကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...