Thursday, February 12, 2026

စစ်ကောင်စီ

ကာလိ အမျိုးသမီးကို ပစ်သတ်သည့် သတင်း စွပ်စွဲချက်သာ ဖြစ်ကြောင်း RCSS ပြော

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရသည့် သတင်းသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) က ပြောဆိုလိုက်သည်။ အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသမီးသည် ကာလိမြို့ ဝမ်တုံကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ ကျော် အရွယ်ရှိ...

စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီမှ တာဝေးပစ်လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်သောကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၉) ရက် ညပိုင်း...

မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော်ကြေးငွေ ပေးဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ...

SSPP မှ နမ့်လန်မြို့ပေါ် တပ်သားသစ်ကောက်ယူ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှတပ်သားသစ်ကောက်ယူမှုကြောင့် ဒေသခံများ ညအချိန် အပြင်မထွက်ရဲကြောင်း စုံစမ်းသိရသည်။ ယခုမေလ နောက်ဆုံးပတ်မှစပြီး SSPP/SSA တပ်ဖွဲ့သည် ညအချိန် တပ်သားသစ် ဝင်ရောက်ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ညအချိန်ဆို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး တပ်သားကောက်နေတာ။ သား...

အောင်ပန်းမြို့ အသက်မပြည့်သေးသည့် လူငယ်တစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်အတွင်း နေထိုင်သည့် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးသည် အွန်လိုင်းအသိမိတ်ဆွေမှတစ်ဆင့် ခေါ်ဆောင်သွားခြင်းခံရပြီး ၃ ရက်ကြာ ဖုန်းအဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေလ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီခန့်တွင် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ဉက္ကာကို ဆိုသူသည်...

လွိုင်လင် မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် လွိုင်လင်မြို့ မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ယနေ့ (မေလ ၂၉) ရက် နေ့လယ်ပိုင်းအချိန်မှစ၍ ဓားပြတိုက်ခံရပြီး ရွှေဆိုင်အတွင်းမှ ရွှေများအားလုံးနီးပါး ပါသွားကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ နေ့လယ်ပိုင်းလောက်က မြို့မဈေးထဲမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတွေက ဝင်တိုက်တာ။ ရွှေတွေတော့ တစ်ဆိုင်လုံးနီးပါးလောက် ပါသွားတယ်။ ဓားပြတိုက်တဲ့...

တာချီလိတ်ခရိုင် တစ်ရက်အတွင်း ယာဉ်တိုက်၊ ယာဥ်တိမ်းမှောက်မှု လူ ၃ ဦး သေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင်တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၈) ရက် နံနက်အစောပိုင်း ၃ နာရီတွင် ကျိုင်းတုံ - တောင်ကြီး ကားလမ်းပေါ်ရှိ ကျိုင်းဖောင်းရွာ အနီး၌...

သိန္နီ – ကွမ်လုံ ကားလမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့ နှင့် ကွမ်လုံမြို့ လမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသအတွင်း ကားသမားများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် သိန္နီမြို့ နှင့် ကွမ်လုံမြို့ သွားသည့် ကားလမ်းတစ်နေရာ၌ ဘိလပ်မြေ တင်လာသည့် ၁၂ ဘီးကား...

လွိုင်လင်လေး နေအိမ်တစ်လုံး ခြံဝင်းအတွင်း လက်နက်ကြီးကျပေါက်ကွဲ၊ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည် လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ် ခြံဝင်းအတွင်း လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၈) ရက် ည ၈ နာရီတွင် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲခဲ့ပြီး...

KIO နှင့် PSLF တို့ကြား ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်းကြမည် ဟုဆို

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ကြား မမျှော်လင့်သည့်အခက်အခဲများပေါ်ပေါက်လာပါက နှစ်ဖက်တိုင်ပင် ညှိနှိုင်းဖြေရှင်းသွားရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ KIO နှင့် PSLF သည် မေ ၁၆ -...

Latest news