ဖယ်ခုံမြို့နယ် တတစ်လအတွင်း တိုက်ပွဲ (၆) ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ (၁၉) ဦး သေဆုံး၊ PDF ရဲဘော် (၆) ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် တစ်လအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ (၁၉) ဦး သေဆုံးကာ PDF ဘက်မှ ရဲဘော် (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း DMO – PDF (1102) က ယမန်နေ့ ဇွန်လ ၁ ရက်နေ့၌ ထုတ်ပြန်ထားသည်။

ပုံ – အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ်-၁၁၀၂ တပ်ရင်း

မေလ ၂၀ ရက်နေ့မှစပြီး ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် လတူးရွာကြားတွင် ဖယ်ခုံဖက်မှ စစ်ကြောင်းထိုး လာသော စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား မိနစ် (၃၀) ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီ၏ တပ်ရင်းတစ်ခုထံမှ ကင်းထောက်ဒရုန်းတစ်စင်း၊ ကျည်အချို့ သိမ်းဆည်းရရှိခဲ့သည်။

ပုံ – အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ်-၁၁၀၂ တပ်ရင်း

“စစ်ကောင်စီက ဒီ နယ်မြေမှာ အင်အားဖြည့်တယ်၊ လေကြောင်း နဲ့ လက်နက်ကြီးတွေကော ပစ်ရတာက ဒီက တော်လှန်ရေး နယ်မြေမှာ ပြန်ဆုတ်ခွာဖို့ လုပ်နေတာပဲ။ အချက်အခြာကျတဲ့ ဒေသလည်းဖြစ်တော့ သူတို့က ပြန်လည်ပြီး ခုခံတိုက်နေတာလို့ပဲ မြင်တယ်။ ပြီးတော့ သူတို့က အဲ့လိုလုပ်ရတယ်ဆိုတော့လည်း ဒီ ဒေသက မဟုတ်ပါဘူး။ အခု ကရင်ပြည်နယ်၊ ချင်းပြည်နယ် တိုက်ပွဲဖြစ်နေတဲ့ ဒေသမြို့နယ်တွေမှာဆို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေ သုံးနေတယ် “ ဟု PNDF KK မှ မြေပြင်သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ဗွေဟုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့နယ် လွယ်လုံရွာအနီးတဝိုက်တွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ အကြား တိုက်ပွဲ နှစ်ကြိမ်ဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၁၂ ဦးကျော် သေဆုံးပြီး အလယ်ပိုင်းတိုင်း DMO-PDF (1102) တပ်ရင်းမှ ရဲဘော် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ပုံ – အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ်-၁၁၀၂ တပ်ရင်း

အလားတူ မေလ ၂၃ ရက် ဖယ်ခုံမြို့နယ် စက်တော်ရွာ နှင့် ခေါင်အိရွာအကြား၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ PDF မှ (၂) ဦး ထိခိုက်ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ထိခိုက်ဒဏ်ရာ သေဆုံးမှု အချို့ ရရှိခဲ့သည်။

၎င်းတို့ နှစ်ဖက်တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှုသည် မေလ ၃၀ ရက်နေ့က စက်တော်ရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၂ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ PDF မှ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲသည် မေလ ၃၁ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ ဖက်မှ (၅) ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့မှ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...