Monday, July 22, 2024

ကယန်းပြည်သစ် လုံခြုံရေးဂိတ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့နယ်အတွင်းရှိ ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ် တပ်မတော် (KNLA) ၏ လုံခြုံရေးဂိတ်အချို့ကို ယနေ့ (ဇွန်လ ၁) ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချခဲ့ကြောင်း စုံစမ်းသိရသည်။

ကယန်းပြည်သစ် လုံခြုံရေးဂိတ် ဗုံးကြဲတိုက်ခိုက်ခံရ

“ ဒီနေ့ မနက်အစောပိုင်းက လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ မိုးမလင်းသေးတဲ့အချိန် လာကြဲသွားတာ။ ဘယ်နှစ်လုံး လာကြဲခဲ့တာလဲတော့ သေချာ မသိရသေးဘူး။ အဲ့မှာ လုံခြုံရေးဂိတ်တွေတော့ ပျက်စီးသွားတယ် “ ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ တာဝန်ခံတစ်ဦးက လက်ခံဖြေကြားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကိုတော့ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မိုးဗြဲမြို့အပြင် ဖယ်ခုံ၊ မြေနီကုန်း၊ ခေါင်အိ စသည်ဖြင့် ကယန်းပြည်သစ်၏ ဂိတ်ရှိရာ နေရာများလည်း ဗုံးကြဲတိုက်ခိုက်ခံနေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ယနေ့ မနက်ပိုင်း (၁၀) နာရီဝန်းကျင်တွင် သျှမ်း နှင့် ကရင်နီ (ကယား) နယ်စပ်ဒေသကို လေယာဉ် (၉) စင်း တစ်ပြိုင်နက် စစ်ရေးဟန်ပြ ဖြတ်သန်းသွားခဲ့ကြောင်း MBPDF က ယနေ့ ဇွန်လ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article