ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါ် ကညင်ဖြူ သစ်ကိုင်းကျိုးကျ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် သရဖီ (Saraphi) မြို့နယ် နောင်ဖင်ကျေးရွာအုပ်စုရှိ ကညင်ဖြူပင် ကျိုးကျပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁) ဦးပေါ် ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကညင်ဖြူပင်

ပြီးခဲ့သည့် မေ (၃၁) ရက် ညနေပိုင်း (၅) နာရီတွင် ဆိုင်ကယ်စီးလာသည့် အသက် (၃၇) နှစ်အရွယ် အမျိုးသားပေါ် ကညင်ဖြူ သစ်ကိုင်းခြောက် ကျိုးကျသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူသည် နမ့်ဖိန်အိမ်ယာတွင်နေထိုင်သည့် သူဖြစ်ပြီး ညနေပိုင်းအချိန် ဆိုင်ကယ်စီးပြီး စားသောက်စရာထွက်ဝယ်စဥ် သစ်ကိုင်းခြောက်ပြုတ်ကျ သဖြင့် သေဆုံးသွားသည်။

“သူက ဆိုင်ကယ်စီးပြီး စားစရာထွက်ဝယ်ချိန်မှာဖြစ်တာ။ အဲ့သစ်ပင်အောက်ရောက်တော့ သစ်ပင်က ပြုတ်ကျသွားတာ။ ဆိုင်ကယ်တခြား လူတခြား ရောက်သွားပြီးတော့ သစ်ပင်က လူပေါ်ပိပြီး သွေးထွက်သံယိုဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲ့ချိန်မှာ သူ့ကို လာကူတဲ့သူတွေကို စကားပြောနိုင်သေးတယ်” လို့ Chiang Mai News က ရေးသားထားသည်။

ကညင်ဖြူပင်

သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့က လာရောက်ကူညီပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား စိုင်းတား သည် အမျိုးသမီး နှင့် ကလေးငယ် ကျန်ရှိခဲ့ပြီး၊ ဆိုင်ကယ် အာမခံ ကုမ္ပဏီမှ ကျန်ရှိသူ ဇနီး နှင့် ကလေးငယ် ကို ကူညီသွားဖို့ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ချင်းမိုင်မြို့နယ် Saraphi မြို့နယ်ရှိ ကညင်ဖြူပင်၏ သက်တမ်းသည် (၁၀၀) နီးပါး ရှိပြီဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း သစ်ကိုင်းခြောက်များ ကျိုးကျခဲ့သည်။ ထို့အတွက်ကြောင့် မိုးရာသီ မဝင်ခင်ကာလကတည်း သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး မှ သစ်ပင် သစ်ကိုင်းများကို ရှင်းလင်းထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်ပိုင်း ကလည်း ကျောင်းသား မိဘ မှ ကလေးကို ကျောင်းကြိုချိန် ပြန်လာစဥ် ကညင်ဖြူ သစ်ကိုင်းခြောက် ကျိုးကျပြီး ကလေး တစ်ဦး ထိခိုဒဏ်ရာ ရရှိခဲ့သော်လည်း သေဆုံးခြင်းတော့ မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...