တရုတ်ဖိအားကြောင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ ပထမဆုံး အကြိမ် မိုင်းလားတွင်တွေ့ဆုံမည်

တရုတ်နိုင်ငံအစိုးရ၏ဖိအားကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA ၊ ရခိုင့် တပ်တော် AA တို့နှင့် စစ်ကောင်စီ တို့ ပထမဆုံး အကြိမ် အနေဖြင့် မိုင်းလားမြို့တွင် တွေ့ဆုံရန် စီစဥ်ထားကြောင်းသိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ မိုင်းလားရောက်

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပြီး၊ တွေ့ဆုံမှုကို မနက်ဖြန် ဇွန်လ ၁ ရက်တွင် မိုင်းလားမြို့၌ စတင်ကျင်းပမည်။

ထိုတွေ့ဆုံမှုသည် တရုတ်ပြည် ၊ ယူနန်ပြည်နယ်၏ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်၏ ကြားဝင် ပေးမှုကြောင့် ညီနောင် သုံးဖော် တပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွှတ်ရေး နှင့် ဆွေးနွေးမှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) တို့ တွေ့ဆုံရခြင်း ဖြစ်သည် ။

တွေ့ဆုံမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “ဒီသုံးဖွဲ့က တရုတ် ဘက် ဖိအားပေး တိုက်တွန်းလို့ သူတို့ကြေညာချက်တွေမှာ ကြိုဆိုတယ် ဘာညာ ပြောဆိုနေကြပေမယ့်လို့ သူတို့ ဒီနောက်ပိုင်း ပြုလုပ်တဲ့ အင်တာဗျူး တချို့ကို နားထောင်ကြည့်လိုက်တော့ လိုလိုလားလားရှိပုံတော့ မရဘူး။ တရုတ်က ဖိအားပေးလို့သာ လိုက်လျောပေးရတာလို့ အဲ့လိုမျိုး နားလည်လိုက်တယ်။” ဟု သျှမ်းသံတော်ဆင့်ကို ပြောဆို သုံးသပ်ထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် ညီနောင်သုံးဖော် အဖွဲ့ နှင့် NSPNC ကိုယ်စားလှယ် အဖွဲ့များ အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၏ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် တရုတ်၏ ကူညီထောက်ပံ့မှုများကို လက်ခံထားသည့် အတွက် တရုတ်၏ ပြောဆိုတိုက်တွန်းမှုကို ပြောင်မငြင်းကြောင်း ဦးရဲထွန်း (သီပေါ) က ဆက်လက်ပြောဆိုထားသည်။

ညီနောင် မဟာမိတ် (၃)ဖွဲ့ မိုင်းလားရောက်

“လက်နက်ကိုင် တပ်ဖွဲ့တွေက တရုတ်တွေနဲ့ ပတ်သက်ရင် ကလန်ကဆန်တော့ မလုပ်ရဲ ဘူး။ တရုတ်က သူတို့ကို အများကြီး ဒုက္ခပေးနိုင်တယ်။ ဒါကြောင့်မို့ သူတို့က တရုတ်ရဲ့ တိုက်တွန်းချက်ကို ပြောင်မငြင်းဆန်ရဲဘူး။ လိုက်လိုက်လျောလျောနဲ့ပဲ ဆွေးနွေးတာကို လက်ခံတယ် ။ ဆွေးနွေးပွဲလို့ ခေါ်တဲ့ အခါမှာ အပြန်အလှန် ပြောဆိုတာ ဆွေးနွေးတာ တောင်းဆိုတာတွေလည်း ရှိတော့ အဲ့ဒီမှာလည်း ပျက်သွားနိုင်တာပေါ့နော်။ ဆိုလိုတာက တရုတ်ပြောတာကို မငြင်းဆန်နိုင်ဘဲနဲ့ ဆွေးနွေးပွဲရောက်မှ ပျက်အောင် လုပ်တားမျိုးပေါ့။ “ ဟု ဦးရဲထွန်း (သီပေါ) က ပြောဆို သုံးသပ်ထားသည်။

ညီနောင်သုံးဖော် အဖွဲ့ နှင့် NSPNC ကိုယ်စားလှယ် အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုသည် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့ အထိ ၃ ရက်ကြာအောင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး လက်ရှိမှာ မိုင်းလားမြို့သို့ရောက်ရှိနေကြောင်းသိရသည်။

ညီနောင်သုံးဖွဲ့သည် စစ်အာဏာရှင်စနစ်တိုက်ထုတ်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေကြသည့် အဖွဲ့များနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် စစ်တပ်ဖွဲ့ကို လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို စစ်သင်တန်း ပေးနေကြပြီး စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့လည်း ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...