Friday, February 13, 2026

စစ်ကောင်စီ

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ပြည်သူများ ထပ်မံထွက်ပြေးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်မှ စပြီး စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူများတစ်ချို့...

လားရှိုးအမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တို့က မြို့တွင်း စစ်ဆေးမှု တင်းကြပ်စွာ လုပ်ဆောင်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၆ ရက် နံနက်ပိုင်း မှ စတင်ကာ လားရှိုးမြို့ဝင်/ မြို့ထွက် နေရာများ...

တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်းမြောက်များစွာ မူးယစ်ဆေးဝါးဖမ်းဆီးမိ

သျှမ်းပြည် တာချီလိတ်မြို့တွင် တစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း မြောက်များစွာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက် ၁ နာရီခွဲတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ (အတွင်း) ရှိ ငှားရမ်းနေအိမ်၌ သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ စိတ်ပြောင်းဆေးဝါး...

သိန္နီမြို့ဒေသခံ လူငယ် ၂ ဦး ၁၀ ရက်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် ဒေသခံ လူငယ် ၂ ဦး လားရှိုးမြို့သို့ ပိုက်ဆံသွားကောက်မည်ဟုဆိုပြီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် သိန္နီမြို့မှ လားရှိုးမြို့သို့ Wish ကားတစ်စီးဖြင့် သွားခဲ့ပြီး ယနေ့ထိ ဖုန်းအဆက်သွယ် မရရှိတော့ကြောင်း...

MNDAA ထိန်းချုပ်နယ်မြေရှိ ယာယီတရားခုံရုံး ပြည်သူ (၄) ဦးကို အများပြည်သူရှေ့ တရားစီရင်ချမှတ်

သျှမ်းပြည် မုံးကိုးခရိုင် MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း ပြည်သူ (၄) ဦးကို ပြန်ပေးဆွဲမှု နှင့် ရာဇဝတ်မှုကျူးလွန်သဖြင့် တရားဥပဒေ အရ တရားစီရင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန် (၅) ရက်တွင် မုံးကိုးခရိုင် ပန်ဆိုင်းဒေသအတွင်း လက်နက်ကိုင်...

မိုးဗြဲမြို့ တိုက်ပွဲဆက်ပြင်းထန်၊ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့အကြား ဇွန် ၅ ရက်နေ့က တိုက်ပွဲဆက်လက် ပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၅ ရက် နံနက်အစောပိုင်းမှ ညနေပိုင်းအထိ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် မိုးဗြဲကာကွယ်ရေးတပ်...

လူငယ်တွေကို ဘာသာစကားတက်စေချင်တဲ့ တီချယ်လော

တရုတ်ဘာသာစကားတွေ လွှမ်းမိုးတဲ့ သျှမ်းမြောက်လို နေရာဒေသမှာ အင်္ဂလိပ် ဘာသာစကားကို ထိုးဖောက်သင်ကြားပေးနေသူ တစ်ယောက်ကတော့ ဆရာ စိုင်းတောင့်လော (သို့မဟုတ် ) တီချယ်လောပဲ ဖြစ်ပါတယ်။ ဆရာစိုင်းတောင့်လော ဟာဆိုရင် သျှမ်းပြည် သီပေါမြို့ နဲ့ မိုင်ပေါင်း လေးဆယ်ကျော် ဝေးတဲ့ တောရွာ လေးကနေ ကြီးပြင်းလာခဲ့သူ...

အသက်မပြည့် ကလေးငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး ဖြားယောင်းမှုရှိလား

သျှမ်းပြည်အတွင်းရှိ ခေတ်ကာလ အခြေအနေ မကောင်းသည့်ကြား အသက်မပြည့်သေးသည့် ကလေးငယ်များကို မက်လုံးအမျိုးမျိုးပေးပြီး လိမ်လည်ဖြားယောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်မှ နေအိမ်ကနေ ပျောက်ဆုံးသွားသည့် မောင်ဉက္ကာဆိုသူကို ၎င်းမိသားစုဝင်များက အဆင့်ဆင့်ချိတ်ဆက်ပြီး ရှာဖွေခဲ့ရာ မိုးကုတ်မြို့၌...

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘာတူညီချက် တစုံတရာမှ မရရှိ

တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ဖြစ်လာသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် သဘောတူညီချက် တစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်း သိရ သည်။ ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့...

ပုံးအင်းဒေသ ရေမွှေး လိုက်လံကြေညာပြီး ဒေသခံများထံ ငွေကြေးလိမ်လည်မှုပြုလုပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် အမည်မသိ လူ ၄ ဦးက ရေမွှေး လိုက်လံလိမ်ညာပြီး ရောင်းနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၄) ရက် နေ့လယ်ပိုင်းတွင် ပုံးအင်းဒေသမှ ချောင်းအနောက်ခြမ်းရှိ ဝမ်ခွမ်ရွာကို တခြားဒေသမှလာသည့် အမည်မသိ လူ ၄ ဦးက...

Latest news