မိုင်းလားဆွေးနွေးမှု နောက်ပိုင်း စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲ ပြင်းထန်လာ

တရုတ်နိုင်ငံ သက်ဆိုင်ရာ အစိုးရ၏ ကြားဝင် တိုက်တွန်းမှုကြောင့် ဖြစ်ပွားရသည့် ဆွေးနွေးမှု နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်လာကြောင်း စုံစမ်းသိရသည်။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

တရုတ်နိုင်ငံ အစိုးရ၏ ကြားဝင်ပေးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့ ဆွေးနွေးမှု အပြီး တိုက်ပွဲ ပြင်းထန်လာခြင်း ဖြစ်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တပ်ဖွဲ့၏ ပြန်ကြာရေး တာဝန်ခံ အဖွဲ့ဝင် ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ရက်ပိုင်းအတွင်းမှာ ကျနော်တို့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ တချို့နေ့တွေဆို တိုက်ပွဲ သုံးလေး နေရာ ဖြစ်ပွားတာလည်း ရှိနေပါတယ်။ မြေပြင် အခြေအနေအရ စစ်ကောင်စီက ကျနော်တို့ နယ်မြေ ထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ တိုက်ခိုက်မှုတွေ ပြုလုပ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာ” ဟု ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

ညီနောင်မဟာမိတ်တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုသည် ဇွန်လ (၁) ရက်မှ (၂) ရက်အထိ သျှမ်းပြည် အထူးဒေသ (၄)မိုင်းလားမြို့ ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရှိနေသည့် ဇွန်လ (၂) ရက်မှာပင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကို ထိုးစစ်ဆင်မှု စတင်ခဲ့ပြီး ဇွန်လ (၅) ရက်အထိ ၄ ရက်ဆက်တိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ အဖွဲ့ဝင် ဦးရန်ရန်က ဆက်ပြောသည်။

“ ၂ ရက် ကနေ ၅ ရက် အထိ စစ်ကောင်စီက ကျနော်တို့ကို ရက်ဆက်တိုက် ထိုးစစ်တိုက်ခိုက်မှု ပြုခဲ့တယ်။ ၅ ရက်မှာ တိုက်ပွဲပေါင်း ၃ နေရာ ဖြစ်တယ်။ စစ်ကောင်စီ နဲ့ ကိုးကန့် တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုကတော့ ၂၀၁၅ ခုနှစ် အချိန်ကနေ အခုချိန်ထိ ဖြေလျှော့သွားတာ မရှိခဲ့ပါဘူး။ တချိန်လုံး တင်းမာလာတာပဲ ရှိတယ်” ဟု ဦးရန်ရန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ၄ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ အတွင်းတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၂၀ ကျော် ရှိသည့် အကြောင်း နှင့် ကိုးကန့်တပ်ဖွဲ့ဘက်မှ MNDAA ဘက်မှ တစ်ဦးကျဆုံး ၊ တစ်ဦး ဒဏ်ရာရ သွားကြောင်းလည်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...