ကွတ်ခိုင်မြို့နယ် တရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်၊ ဒေသခံများ ကတုတ်ကျင်းထဲ ဝင်ခိုရ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း၌ တစ်နေ့တည်းအတွင်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံများက ကတုတ်ကျင်းထဲ ဝင်ရောက်ခိုရကြောင်း စုံစမ်း သိရှိရသည်။

ကွတ်ခိုင်မြို့

ယနေ့ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၀ မိနစ်တွင် ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာအနီး၌ လက်နက်ကြီး / လက်နက်ငယ် ပစ်ခတ်သံများ စတင် ထွက်ပေါ်လာခဲ့ကြောင်း နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီးသံ အရင်ပေါ်လာတယ်၊ ပြီးမှ သေနတ်သံတွေ ထွက်လာတယ်၊ ရွာ နဲ့ အတော်နီးနေတော့ အားလုံးနီးပါးက ကတုတ်ကျင်းထဲ ဝင်ခိုကြရတယ်။ အဲ့ဒီ ပစ်ခတ်မှုက နာရီဝက်ကျော်တော့ ကြာသွားတယ်” ဟု ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှု ငြိမ်သွားသည့်နောက် ရွာသားများ ကတုတ်ကျင်းထဲမှ ပြန်ထွက်လာပြီး ၁၀ မိနစ်ကျော်ကြာ ဝန်းကျင်တွင် နောက်ထပ် တစ်ဖန် ပစ်ခတ်သံများ ပေါ်ပေါက်လာကြောင်း ဒေသခံများက ထပ်ပြောသည်။

“ဒုတိယ အကြိမ် ပစ်ခတ်မှုက ၁၀ မိနစ်ကျော်တော့ ကြာတယ်။ ဒါလည်းလက်နက်ကြီးတွေပါတယ်။ ကတုတ်ကျင်းထဲ နောက်တစ်ဖန် ပြန်ဝင်ရတာပေါ့။ ဘယ်အဖွဲ့ နဲ့ ဘယ်အဖွဲ့ က ပစ်တာလဲ ဆိုတာတော့ မသိရဘူး” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်သံများ ထွက်ပေါ်လာရာ နောင်ဆွေကျေးရွာသည် ကွတ်ခိုင် – မူဆယ်သွားသည့် ကားလမ်းမကြီးမှ ကွတ်ခိုင်မြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်းသည် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်တပ်မတော် KIA နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က သွားလာလှုပ်ရှားနေသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ်မှ အလယ်တန်းကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး စနစ် လက်မခံနိုင် ဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းရန် KIA တပ်ဖွဲ့က ပြောဆို ညွှန်ကြားမှု ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...