လားရှိုးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်း ရေကြီးရေလျှံဖြစ်၊ နေအိမ် နှင့် စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျ

သျှမ်းပြည် လားရှိုးမြို့နယ် ဟန်နားရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပြီး နေအိမ် နှင့် စာသင်ကျောင်းအချို့ အုတ်တံတိုင်း ပြိုကျပျက်စီးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တွေ့ရသည့် မြင်ကွင်း။

ယမန်နေ့ (ဇွန်လ ၆) ရက် ညနေပိုင်း ၄ နာရီ အချိန်မှစပြီး လားရှိုးမြို့နယ် ဟန်နားရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် နေအိမ် နှင့် စာသင်ကျောင်းအချို့ရှိ အုတ်တံတိုင်းပြိုကျခြင်း ရွှံ့၊ နှုံးများ ကျန်ရစ်ခြင်း နှင့် အိမ်တွင်းပစ္စည်း ပျက်စီးမှု ရှိခဲ့ကြောင်း ဟန်နားကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ ညနေပိုင်းလောက်က မိုးစရွာတာ။ မိုးကတော့ ကြီးတယ်။ ဒါပေမယ့် ရွာတာတော့ ၁၅ မိနစ်လောက်ပဲ သိပ်မကြာလိုက်ဘူး။ နေအိမ်အထိ ရေတွေဝင်တယ်။ စာသင်ကျောင်း ရဲ့ အုတ်တံတိုင်းတွေလည်း ပြန်ဆောက်တာ မကြာသေးဘူး၊ အုတ်တံတိုင်း ပြန်ပြိုတာ။ တချို့အိမ်တွေလည်း အုတ်တံတိုင်း ပြိုတယ်။ အိမ်ထဲပစ္စည်းတွေ မျောကုန်တယ် “ ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟန်နားရွာရှိ စာသင်ကျောင်း အပါအဝင် နေအိမ် အိမ်ခြေအားလုံး နီးပါးခန့် တောင်ကျချောင်းရေများ စီးဝင်ခဲ့ပြီး ရွှံ့၊ နှုံးများ ကျန်ရစ်ခဲ့သဖြင့် ပြည်သူများက ဝိုင်းဝန်းကူညီ ရှင်းလင်းနေကြကြောင်း သိရသည်။

“ မနှစ်ကလည်း ရေကြီးရေလျှံ ဖြစ်ဖူးတယ်။ ဒီနှစ်က ပိုဆိုးတာပေါ့။ ကျွန်မတို့ ရွာပတ်ပတ်လည်က တောင်တွေဆိုတော့ မိုးရွာရင် တောင်ကျချောင်းရေ စီးတာ။ ဒီနှစ် ရေကြီးရေလျှံတာ အိမ်တိုင်းလိုလို ကြုံနေရတယ်။ မနှစ်က ရေလွှဲမြောင်းလုပ်ပေးဖို့ တောင်းဆိုတယ်။ ရေလွှဲမြောင်းလုပ်ဖို့အတွက် ကုန်ကျစရိတ်ကများတော့ ရွာကလူတွေဘဲဆို မတတ်နိုင်ဘူး။ အစိုးရကလည်း လာမလုပ်ပေးဘူး “ ဟု အထက်ပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ယင်းကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံဖြစ်ပွားမှု နှင့် ကြုံတွေ့နေရသည့် ဟန်နားရွာရှိ ပြည်သူများသည် ထပ်မံပြီး နှစ်ကြီးရေလျှံကြောင့် နေအိမ်များ ပျက်စီးမှု မရှိစေရေးအတွက် ရေလွှဲမြောင်း ဖော်ဆောင်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...