စစ်ကောင်စီမှ MNDAA လှုပ်ရှားနယ်မြေကို ဟန့်တားချင်မှုကြောင့် ထိုးစစ်ဆင်နေ

တရုတ်ရဲ့ ကြားဝင်ပေးမှု၊ တိုက်တွန်းပေးမှုတွေကြောင့် ညီနောင် မဟာမိတ် (၃) ဖွဲ့ ဖြစ်ကြတဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကိုးကန့်တပ်ဖွဲ့လို့ အများသိကြတဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့က ဇွန်လ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

အဲ့ဒီလို တွေ့ဆုံဆွေးနွးမှု ရှိနေတဲ့ အချိန်မှာပဲ တစ်ဖက်က စစ်ကောင်စီတပ်ဖွဲ့ဟာ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြင်းထန်လာပါတယ်။

စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ ကြားက ပစ်ခတ်တိုက်ခိုက်မှုတွေ ဘာကြောင့် ပစ်ခတ်တိုက်ခိုက်ကြသလဲ၊ လက်ရှိ မြေပြင် အခြေအနေ ဘယ်လို ရှိလဲ ဆိုတဲ့ အကြောင်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးရန်ရန် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ယခုရက်ပိုင်းအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ MNDAA တပ်ဖွဲ့တို့က ထိတွေ့ တိုက်ပွဲ အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ။ ။ ဟုတ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ကျနော်တို့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ တချို့နေ့တွေဆို တိုက်ပွဲ သုံး လေး နေရာ ဖြစ်ပွားတာလည်း ရှိနေပါတယ်။ မြေပြင် အခြေအနေအရ စစ်ကောင်စီက ကျနော်တို့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပြီးတော့ တိုက်ခိုက်မှုတွေ ပြုလုပ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာပေါ့။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

မေး ။ ။ တိုက်ပွဲက ဘယ်နေရာတွေမှာ ဖြစ်သလဲ။ ထိတွေ့ပစ်ခတ်မှုက ဘယ်နှစ်ရက်ရှိပြီလဲ။

ဖြေ ။ ။ ကျနော်တို့က ၆ လပိုင်း ၂ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့က ကျနော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာတယ်။ အဲ့ ၂ ရက်နေ့မှာက တိုက်ပွဲက စဖြစ်ခဲ့တယ်ပေါ့။ ၃ ရက်နေ့မှာလည်း တိုက်ပွဲ ထပ်ဖြစ်ခဲ့တယ်။ အဲ့နေရာကတော့ ကျနော်တို့ အခေါ် ကျင်းဆန်းဒေသ မှာ ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ရတယ်။ အဲ့ဒီတိုက်ပွဲမှာ ကျနော်တို့ ဘက်က တစ်ယောက်ကျတယ်၊ တစ်ယောက် ဒဏ်ရာ ရတယ်။

ပြီးတော့ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့မှာလည်း နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ခဲ့တယ်။ စစ်ကောင်စီက ကျနော်တို့ တပ်ဖွဲ့ဆီကို စစ်အင်အားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာ။ အဲ့ဒီ ၄ ရက်နေ့ နဲ့ ၅ ရက်နေ့ နှစ်ရက်လုံးမှာ တစ်နေရာတည်း တိုက်ပွဲဖြစ်ခဲ့တယ်။ အဲ့နား တစ်ဝိုက်မှာပဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ခဲ့တယ်။

၅ ရက်နေ့မှာပဲ နောက်ထပ် တိုက်ပွဲ တစ်နေရာ ထပ်ဖြစ်ခဲ့တယ်။ အဲ့တာကတော့ ကျိုထိုဆန်း ဆိုတဲ့ တောင်ကုန်း မှာပဲ။ လောက်ကိုင်မြို့နယ် ထဲမှာ ရှိတယ်။ အဲ့မှာလည်း ၄ ရက်နေ့ နဲ့ ၅ ရက်နေ့ နှစ်ရက်ပေါင်းမှာ ရန်သူ့ဘက်က ထိခိုက်ဒဏ်ရာရတာ ၂၀ ကျော် ရှိအောင် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့ လက်နက်ခဲယမ်းတွေကို ကျနော်တို့ သိမ်းဆည်းရမိတယ်။

နောက်ထပ် တစ်ခုက ၅ ရက်နေ့ ညနေပိုင်းလောက်မှာ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ကျနော်တို့ တိုင်းရင်းသား တပ်မဟာ ၆၁၁ တို့က ထိတွေ့မှုလည်း ဖြစ်ပွားခဲ့သေးတယ်။

၆ ရက်နေ့ တိုက်ပွဲ အခြေအနေတော့ ကျနော့်ဆီကို သတင်းအချက်အလက်တွေ မရောက်လာသေးဘူး။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

မေး။ ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ MNDAA ပါဝင်တဲ့ ညီနောင် မဟာမိတ် (၃) ဖွဲ့ နဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ NSPNC တို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီးတဲ့နောက် အခုလို ထိတွေ့ပစ်ခတ်မှုတွေ ပြင်းထန်လာတာ ဘာကြောင့်လဲ ။

ဖြေ။ ။ ဆွေးနွေးပွဲကို ကျနော်ကိုယ်တိုင် တက်ရောက်ခဲ့တာ မရှိပါဘူး။ ပြီးတော့ ဘာတွေ ဆွေးနွေးသွားလဲ ဆိုတာ အသေးစိတ်လည်း မသိရဘူး။ ဒါပေမဲ့ မီဒီယာတွေမှာ ရက္ခိုင့်တပ်တော်ရဲ့ ပြောဆိုချက်အရရယ်၊ ပြီးတော့ ကျနော့် အထက်အကြီးအကဲ အထက်လူကြီးတွေ ပြောပြအရ ဒီဆွေးနွေးပွဲကို ပြေပြေလည်လည် ပေါ့ပေါ့ပါးပါး နဲ့ ပြီးဆုံးသွားတယ်ပေါ့၊ မပြေလည်တာတွေ မရှိဘူးလို့တော့ အထက်လူကြီးတွေက ကျနော့်ကို ပြောပါတယ်။
အဲ့ဆိုတော့ အစဥ်အလာအရပေါ့နော်။ အာဏာမသိမ်းခင်ကတည်းကလည်း ဒီဆွေးနွေးပွဲက အကြိမ်ကြိမ် ရှိခဲ့တာ ပဲ။ ဒါပေမဲ့ အဲ့လိုတွေ ဆွေးနွေးပွဲ ရှိနေတုန်းမှာပဲ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်တာတွေ အကြိမ်ကြိမ်ရှိခဲ့ ဖူးတယ်။ အဲ့ကြောင့် ဒီ ဆွေးမှုတွေ နဲ့ ထိုးစစ်ဆင်မှုတွေက အဲ့လောက်ထိ မသက်ဆိုင်ဘူးလို့တော့ ကျနော် ထင်တယ်။ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုကတော့ ၂၀၁၅ ခုနှစ် အချိန်ကနေ အခုချိန်ထိ ဖြေလျှော့သွားတာ မရှိခဲ့ပါဘူး။ တချိန်လုံး တင်းမာလာတာပဲ ရှိတယ်။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

မေး။ ။ အခုလို ထိတွေ့တိုက်ပွဲဖြစ်တာကရော MNDAA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိခဲ့လား။

ဖြေ။ ။ ကျနော်တို့ အနေနဲ့တော့ အမြဲတမ်း ခုခံကာကွယ် အနေနဲ့ပဲ ရှိပါတယ်။ တကယ်လို့ ကျနော်တို့ဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိခဲ့သော်ညား ဒါက ကျနော်တို့ စစ်ရေး နဲ့ မြေပြင်လိုအပ်ချက် အရ လုပ်ရတာပါ။ များသော အားဖြင့်ကတော့ စစ်ကောင်စီဘက်ကနေ ကျနော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုခဲ့တာ များပါတယ်။

မေး။ ။ အခုလိုမျိုး စစ်ကောင်စီကနေ MNDAA တပ်ဖွဲ့အပါအဝင် တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာက ဘာကြောင့်လို့ ထင်လဲ။ တစ်ဖက်ကလည်းသူတို့က တစ်နှစ် အပစ်ရပ် ကြေညာထားတယ်ဆိုတော့လေ။

ဖြေ။ ။ အဓိက ကတော့ ကျနော်တို့ရဲ့ တိုးတက်မှု၊ ကျနော်တို့ လှုပ်ရှားနယ်မြေတွေကို သူတို့က ဟန့်တားချင်လို့ပဲ ထိုးစစ်ဆင် လာတယ်လို့ မြင်မိပါတယ်။

Photo- The Kokang (တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် လက်နက်များ)

မေး ။ ။ MNDAA တပ်ဖွဲ့ အနေနဲ့ ရှေ့ဆက်လုပ်ငန်းစဥ်တွေမှာ မဟာမိတ် တပ်ဖွဲ့တွေနဲ့ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာ ပြောပြပေးလို့ ရနိုင်မလား။

ဖြေ ။ ။ အသေးစိတ်ကိုတော့ ကျနော့် အနေနဲ့ ပြောပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ မဟာမိတ် တပ်ဖွဲ့တွေ အနေနဲ့ တော့ ညီနောင်မဟာမိတ် ပီပီ စစ်ရေးအရရော၊ နိုင်ငံရေး အရရော ရည်မှန်းထားတဲ့ ပန်းတိုင် ရောက်အောင် သွားကြမယ်လို့ပဲ ပြောနိုင်ပါတယ်။

မေး။ ။ စစ်ကောင်စီ တပ်ဖွဲ့ ကနေ အခုလိုမျိုး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မယ်ဆိုရင် MNDAA တပ်ဖွဲ့ အနေနဲ့ ဘယ်လို တုန့်ပြန်သွားဖို့ ရှိလဲ။

ဖြေ။ ။ ကျနော်တို့ အနေနဲ့တော့ ဆက်လက် ခုခံမယ်၊ ကာကွယ်သွားမှာပဲ။ စစ်ရေး ၊ နိုင်ငံရေး ရပ်တည်ချက်၊ မျှော်မှန်းချက်တွေကို အောင်မြင်တဲ့တိုင် ဆက်လက်တိုက်ပွဲ ဝင်သွားမှာပဲ။

မေး ။ ။ ထပ်ပြီး ဖြည့်စွက် ပြောချင်တာ ရှိရင် ပြောပေးပါ။


ဖြေ ။ ။ မရှိတော့ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...