Tuesday, January 27, 2026

စစ်ကိုင်းဖိုရမ်နှင့် စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းအသစ်များကို မျှော်ကြည့်ခြင်း

နိဒါန်း

စစ်ကိုင်းသည် အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် အပြင်းထန်ဆုံးဒေသ ဖြစ်သည်။ အာ ဏာသိမ်းစစ်ကောင်စီတပ်အား ခုခံတော်လှန်စစ်ဆင်နွှဲနေကြသော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF-LDF) အများဆုံးဒေသ ဖြစ်သည်။ စစ်၏ ဘေးထွက်ဆိုးကျိုးအဖြစ် နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူအရေအတွက်တွင်လည်း နိုင်ငံတဝှမ်းလုံးအတွင်း စစ်ကိုင်တိုင်းသည် အများဆုံး ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုစာရင်းတွင်လည်း စစ်ကိုင်းသည် ထိပ်ဆုံးတွင် ရပ်တည်နေသည်။ အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုပုံသဏ္ဍာန်မျိုးစုံကို စစ်ကိုင်းတွင် တွေ့ရသည်။

အခြားတဖက်တွင်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးဆိုသည့် ဦးတည်ချက်တူညီစွာ ပေါက်ဖွား လာကြသည့် PDF-LDF များအချင်းအချင်းအကြား အငြင်းပွားမှုများကို မကြာခနဆိုသလို တွေ့ရတတ်သည်။

သို့ သော် စစ်ကိုင်းသည် အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲရာတွင်တော့ အရှိန်အဟုန်မြင့်တက်နေ ဆဲဖြစ်သည်။ လက်နက်မဲ့အကြမ်းမဖက်နည်းဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လျက်ရှိသည့် မြေပြင်သပိတ်စစ် ကြောင်းများကိုလည်း စစ်ကိုင်းတိုင်းအတွင်း တွေ့မြင်နေရဆဲဖြစ်သည်။

၂၀၂၃ခုနှစ် မေလ၏ နောက်ဆုံးနှစ်ရက် တွင်တော့ စစ်ကိုင်းတိုင်းအတွက် “စစ်ကိုင်းဖိုရမ်”ကို ကျင်းပကာ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြသည်ဟု ဆိုပါသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်ကိုင်းဖိုရမ်နှင့်အတူ စစ်ကိုင်းတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းအသစ်များကို ဖြစ်စဉ်ဖြစ်ရပ်များနှင့် အချက်အလက်များ အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

“စစ်ကိုင်းဖိုရမ်”

၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် စစ်ကိုင်းဖိုရမ်(ပထမအကြိမ်)ကို ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ် အခြေစိုက်တော်လှန်ရေးအဖွဲ့အစည်း(၁၇၃)ဖွဲ့နှင့် လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ဖိုရမ်အတွင်း နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေ ထွေကဏ္ဍဟူ၍ ကဏ္ဍ ၄ ရပ်ခွဲကာ ဆွေးနွေအဖြေရှာခဲ့သည်ဟု ဆိုပါသည်။

အထွေထွေကဏ္ဍတွင် သပိတ်လှုပ် ရှားမှုများ၊ အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)များ၏ အရေးကိစ္စ၊ သဘာဝသယံဇာကိစ္စ ရပ်များနှင့် စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့ကြောင်း စစ်ကိုင်းဖိုရမ်က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ပါသည်။

စစ်ကိုင်းဖိုရမ်

“စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတော်လှန်ရေးတွင် ပါဝင်နေကြသည့် နိုင်ငံရေး၊ တော်လှန် ရေးအဖွဲ့အစည်းများအကြား အားလုံးပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်ချနိုင်သည့် တိုင်းအတိုင်ပင်ခံ ကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခုကို တည်ဆောက်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အား လုံးအပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ် ထွန်းရေးတို့ကို ဖော်ဆောင်ရန်” ဆိုသည့် စစ်ကိုင်းအတွက် ဘုံရည်မှန်းချက်တစ်ရပ်ကို စစ်ကိုင်းဖိုရမ်က ရရှိခဲ့ သည်။

ထို့အပြင် တိုင်းအဆင့်အရေးတကြီးလိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များအဖြစ် တိုင်းအ ဆင့် အသွင်ကူးပြောင်းရေးကာလအစီအမံများ ပေါ်ပေါက်ရေး၊ တိုင်းအဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်မူဝါဒများ ရေး ဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့များအကြား အပြန်အလှန်ထိန်းကျောင်းနိုင်ရေးနှင့် ဒေသ တွင်း ကာကွယ်ရေးအစုအဖွဲ့များ စုစည်းအားကောင်းနိုင်ရေးတို့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လုပ် ဆောင်သွားကြရန်ဟုလည်း သဘောထားပေးခဲ့ကြသည်ဟု ဆိုပါသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကတော့ စစ်ကိုင်းဖိုရမ်မှတဆင့် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင် ရေးတိုက်တွန်းထားသလို ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းပါဝင်နိုင်ရန် မျှော်လင့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

စစ်ကိုင်းဖိုရမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KN PP)၊ ယောကာကွယ်ရေးတပ် (YDF)၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ပြည်သူ့တော်လှန်ရေး တပ်ဦး (PRA)၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ 96 SOLDIERS – PDF (အညာဒေသ)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၊ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ပြည်သူ့ပန်းတိုင်အဖွဲ့၊ တ.က.သ ကျောင်းသားဟောင်းများအင် အားစု၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ တ အာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ဧရာဝတီပြည်နယ်ဖက် ဒရယ်ကောင်စီ (AYYSFC)၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) စသည့် နွေဦးတော်လှန်ရေး အင်အားစုအသီးသီးမှ သဝဏ်လွှာများ‌ပေးပို့ခဲ့သည်ကို တွေ့ရပါသည်။

ကိန်းဂဏန်းအချက်အလက်များနှင့် ဖြစ်စဉ်ဖြစ်ရပ်များ

မိမိတို့ BNI-Myanmar Peace Monitor မှ လက်လှမ်းမီသမျှစုစည်းထားသည့် စာရင်းအရ စစ်ကိုင်းတိုင်းအတွင် အမည်နာမမျိုးစုံဖြင့် ဖြစ်တည်ပေါက်ဖွားလာသော မြို့ပြဒေသအလိုက် PDF-LDF အရေအတွက်သည် ၈၆ ဖွဲ့အ ထိရှိပါသည်။

စာရင်းတွင် မပါဝင်သေးသည့် PDF-LDF များ ကျန်ရှိနိုင်ပါသည်။ အဆိုပါ ၈၆ ဖွဲ့ဝင်မှ ပုလဲမြို့နယ် သည် PDF-LDF ၁၅ ဖွဲ့အထိအများဆုံးရှိနေပြီး မုံရွာမြို့နယ်တွင် ၉ ဖွဲ့၊ ရွှေဘိုမြို့နယ်တွင် ၈ ဖွဲ့၊ အရာ တော်မြို့နယ်တွင် ၇ ဖွဲ့၊ ဝက်လက်မြို့နယ်တွင် ၅ ဖွဲ့ စသဖြင့် အသီးသီးရှိနေပြီး စစ်ကောင်စီတပ်များအား ခုခံ တော်လှန်စစ်ဆင်နွှဲနေလျက်ရှိပါသည်။

ခုခံတော်လှန်စစ်အခြေအနေကို လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြို့ပြဒေသအလိုက် PDF-LDF များအကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေသည် အရှိန်အဟုန်အပြင်းထန်ဆုံးဟု ဆိုနိုင်ပါသည်။

BNI-Myanmar Peace Monitor ၏ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အချက်အလက်အခြေပြု ဒက်ရှ်ဘုတ်အရ စစ်အာဏာသိမ်းကာလ ၂၀၂၃ ခု မေလ ၁၆ ရက်အထိ မြန်မာတစ်နိုင်လုံးတွင် ဖြစ်ပွားနေသော စစ်ကောင်စီတပ်နှင့် PDF-LDF များအကြား တိုက်ပွဲများအားလုံး၏ ၃၅ ရာခိုင်နှုန်းကျော်(တိုက်ပွဲဖြစ်ပွားမှုရက် ပေါင်း ၆၆၅ ရက်) သည် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုကို လေ့လာကြည့်ပါက ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၆၀ အထိ ရှိခဲ့ပြီး မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်မှုရက်ပေါင်း ၄၂ ရက်၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၃၈ ရက်ရှိ ခဲ့ပါသည်။ အရာတော်၊ ဘုတလင်၊ အင်းတော်၊ ကသာနှင့် ခင်ဦးမြို့နယ်များတွင်လည်း တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၂၀ အထက်တွင် ရှိနေကြပါသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲသက်ရောက်မှုအဖြစ် ပြည်တွင်းစစ်အပြန့်ကျယ်လာခြင်းနှင့်အတူ နိုင်ငံတ ဝှမ်းလုံးတွင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် အရပ်သားပြည်သူပေါင်း ၁ ဒဿမ ၆ သန်းနီးပါးရှိ လာပြီဖြစ်သည်။

ထိုအနက် စစ်ဘေးရှောင်အရေအတွက် ၇ သိန်းနီးပါး(၄၃ ရာခိုင်နှုန်းကျော်)သည် စစ်ကိုင်း တိုင်းအတွင်း ရှိနေပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီများ ရရှိနိုင်ရေးအလှမ်းဝေးနေဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအခြေအနေကို မြို့နယ်အလိုက် လေ့လာကြည့်ပါ ခင်ဦးမြို့ နယ်သည် စစ်ရှောင်ပြည်သူ ၁ ဒဿမ ၂သိန်းနီးပါးရှိပြီး အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ ကန့်ဘလူနှင့် ဆားလင်းကြီးမြို့နယ်တို့တွင် လည်း စစ်ဘေးရှောင်အရေအတွက် ၆၀၀၀၀ ကျော်၊ ၇၀၀၀၀ နီးပါးရှိနေသည်ကို တွေ့ရပါသည်။

ခုခံတော်လှန်စစ်အရှိန်အဟုန် ပြင်းထန်လာသည်နှင့်အမျှ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု၏ နယ် မြေစိုးထိန်းချုပ်နိုင်စွမ်းသည် အကန့်အသတ်ဖြစ်လာသည်ကို သတိပြုမိပါသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ data for Myanmar မှထုတ်ပြန်ထားသော စာရင်းအရ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ် ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့သော အရပ်သားပြည်သူပိုင် နေအိမ်အဆောက်အဦပေါင်း ၄၇၇၇၈ လုံးရှိကာ နိုင်ငံတဝှမ်းမီးရှိုးဖျက်ဆီးမှုများအနက် အများဆုံးခံရသည့် ဒေသလည်း ဖြစ်နေပါသည်။

ထို့အပြင် ကန့်ဘလူမြို့နယ် ပဇီကြီးရွာဖြစ်စဉ်ကဲ့သို့ အရပ်သားပြည်သူများအစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင် စွမ်းရှိသည့် လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်လျှင်လည်း စစ်ကိုင်းတိုင်းသည် အာဏာသိမ်းစစ် ကောင်စီတပ်၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုအခံရဆုံး ‌ဒေသဖြစ်ပါသည်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းအား လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်သတ်ဖြစ်မှုဖြစ်စဉ်သည်လည်း စစ်ကိုင်းတိုင်းအပေါ် ထားရှိသည့် အာဏာသိမ်းစစ်ကောင်စီ၏ လူသားမဆန်မှု ထင်ရှားစွာပြသနေသည်ဟုဆို နိုင်ပါသည်။

ဆိုရသော် စစ်ကိုင်းတိုင်းတွင် လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည့် သပိတ်စစ်ကြောင်းများ ဆက် လက်အသက်ဝင်နေဆဲဖြစ်သကဲ့သို့ လက်နက်စွဲကိုင်ခုခံတော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်အရှိန် အဟုန်သည်လည်း ဆက်လက်မြင့်တက်လာမည့် အခြေအနေမျိုးတွင် ရှိနေပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ နယ်မြေထိန်းချုပ်နိုင်စွာ ကျုံ့ဝင်ကျဉ်းမြောင်းလာနေသည့် စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏ ပထမ ဆုံးလွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာနိုင်သည်ဟုပင် စစ်ရေးနိုင်ငံရေးအကဲခတ်များက ရှုမြင်မှုများရှိကြပါ သည်။


သုံးသပ်တင်ပြချက်

အထက်တွင် တင်ပြထားသည့်အတိုင်း စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ နှင့် ဖြစ်စဉ်ဖြစ်ရပ်များကို ထောက်ရှုကြည့်ပါက စုံလင်ကွဲပြားနေပြီး ကိုယ့်နည်းကိုယ့်ဟန် ရပ်တည်လှုပ်ရှားရင်း အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်နေကြသည့် မြို့ပြဒေသအလိုက် PDF-LDF သည် ရဲစိတ် ရဲမာန်အပြည့်ဖြင့် ခုခံတော်လှန်စစ်အရှိန်ကို မြှင့်တင်နေကြသော်လည်း စုစည်းညီညွတ်မှုနှင့် ပူးပေါင်းလှုပ်ရှား နိုင်မှုအပိုင်းတွင်တော့ မေးခွန်းထုတ်ခံနေရဆဲ ဖြစ်ပါသည်။

စစ်ကိုင်းဖိုရမ်

အသက်နှင့် ခန္ဓာပေါင်းများစွာ ပေးဆပ်ခဲ့ကြရသည့်တိုင် အာဏာသိမ်းစစ်အုပ်စု၏ လူသားမဆန်သည့် လုပ်ရပ် များအား ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြသည့် စစ်ကိုင်းဒေသ၏ လူထုတော်လှန်ရေးသည် ပုံသဏ္ဍာန်မျိုးစုံ၊ နည်း လမ်းမျိုးစုံဖြင့် ဆက်လက်သက်ဝင်နေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံ နာဂဒေသ၊ မဏိပူပြည်နယ်တို့နှင့် နယ်နမိတ် ထိစပ်နေသော စစ်ကိုင်းတိုင်းသည် ကချင်၊ ရှမ်းမြောက်၊ မန္တလေး၊ မကွေး၊ ချင်းတို့နှင့်လည်း နယ်နမိတ်ထိစပ် နေသည်။

ပထဝီဝင်အနေအထားအရ ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးအကျယ်အဝန်းရှိသည့် စစ်ကိုင်း တိုင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြသော နွေဦးတော် လှန်ရေး၏ အရေးပါသည့် နိုင်ငံရေး၊ စစ်ရေးမျက်နှာစာတစ်ခု ဖြစ်နေသည်ဟု ဆိုရပါမည်။

မြို့နယ်ပေါင်း ၃၇ မြို့နယ်၊ လူဦးရေ ၅ သန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးအရ အမြင်သဘော ထားများ စုစည်းနိုင်မှု၊ စစ်ရေးအရ ပေါင်းစည်းနိုင်မှုနှင့် ခိုင်မာအားကောင်းသည့် အုပ်ချုပ်ရေးဆိုင်ရာ အစီအမံ များ စနစ်တကျ ပုံဖော်ဆောင်ရွက်နိုင်ရေးသည် မဖြစ်မနေလိုအပ်လာနေပြီဖြစ်သည်။ စစ်ကိုင်းဖိုရမ်၏ ရည် မှန်းချက်နှင့် နိုင်ငံရေးအရ ရှေ့လုပ်ငန်းစဉ်များသည် စစ်ကိုင်းဒေသ လွတ်မြောက်နယ်မြေ၏ လမ်းစတစ်ခု ဖြစ် လာနိုင်ပေသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦး တည်နေသော နွေဦးတော်လှန်ရေးအတွင်း အင်အားစုအသီးသီး၏ နိုင်ငံရေး၊ စစ်ရေးပိုမိုအားကောင်းစေရေး အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ ပူးပေါင်းမှုခွန်အားနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံကာ လက်တွေ့ ကျသည့် စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းအသစ်များဆီ ခေါ်ဆောင်သွားနိုင်ကြောင်း ရှုမြင်သုံးသပ်မိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...