ပျောက်ဆုံးနေသည့် မလေးရှားအမျိုးသမီး တာချီလိတ်မြို့ တရုတ် ကာစီနိုရုံတွင် ရှိနေ

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသား အမျိုးသမီးတစ်ဦး သည် တရုတ်ပိုင် ကာစီနို ရုံတွင် ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ပျောက်ဆုံးသွားသည့် မလေးရှား အမျိုးသမီး

ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် အသက် ၂၂ အရွယ် မလေးရှားအမျိုးသမီး Chong Sum Yee ခေါ် (Angie) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် မယ်ဆိုင် သို့ရောက်ရှိလာခဲ့ပြီး မေ ၃၀ ရက်တွင် မယ်ဆိုင်မှ ဆိုင်ကယ် တက္ကဆီဖြင့် တာချီလိတ်မြို့သို့ တရားမဝင် နည်းလမ်းဖြင့် ဝင်သွားခဲ့ကြောင်း သိရသည်။

ထို ဆိုင်ကယ် တက္ကဆီသည် မလေးရှား အမျိုးသမီးကို မယ်ဆိုင် – တာချီလိတ် နယ်စပ်သို့ မြစ်ချောင်း အနီးတွင် ပို့ဆောင်ပေးခဲ့ကြောင်း Bangkok Post တွင် ဖော်ပြထားသည်။

လက်ရှိတွင် ထို မလေးရှား အမျိုးသမီးသည် တာချီလိတ်မြို့နယ် တရုတ်နိုင်ငံသားပိုင် ကာစီနိုရုံတွင် ပျောက်ဆုံးနေကြောင်း Alliance Anti Trafi AAT စိုင်းဂွဏ်းက ပြောသည်။

“ အခုက တာချီလိတ် ရောက်နေတယ်။ သူက မလေးရှားမှာနေတဲ့ တရုတ်လူမျိုး ဖြစ်တယ်။ သူလည်း ဖေ့ဘုတ်ကနေ အလုပ်ရှာပြီးတော့ တာချီလိတ်ကို ရောက်လာတာ။ ဒါမဲ့ အခုတော့ သူဘယ်လိုနေထိုင်နေရလဲ ၊ အကြမ်းဖက်ခံနေရလားဆိုတာကိုတော့ မသိရသေးဘူး။ တရုတ်တွေ ပိုင်ဆိုင်တဲ့ ကာစီနိုရုံမှာရှိတယ်လို့ ကြားတယ်” ဟု စိုင်းဂွဏ်းက ပြောသည်။

သို့သော် လက်ရှိတွင် ထိုအမျိုးသမီးသည် မည်သည့်ကာစီနိုရုံတွင် ရောက်ရှိနေကြောင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း စိုင်းဂွဏ်းက ထပ်လောင်းပြောသည်။

လက်ရှိ ထိုအမျိုးသမီး၏ ဖုန်းဆက်သွယ်လို့ မရသည့်အပြင် လူမှုကွန်ရက်စာမျက်နှာ (ဖေ့ဘုတ်)လည်း ပိတ်ခံထားရကြောင်း သိရသည်။

ထိုကြောင့် ထိုအမျိုးသမီး၏ မိခင်ဖြစ်သူက ထိုင်းနိုင်ငံ တာဝန်ရှိရဲများထံအမှုဖွင့် ထားပြီး ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ရောက်ရှိနေပြီး ထိုအမှုကို ထိုင်းအစိုးရကလည်း လိုက်လံ စစ်ဆေးပေးနေကြောင်း သိရသည်။

တာချီလိတ် – မယ်ဆိုင် တံတားကို ဖွင့်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ အမျိုးသမီးများက တာချီလိတ်မြို့ အွန်လိုင်းဂိမ်းသို့ အလုပ်လာရောက် လုပ်ကိုင်နေကြောင်း စိုင်းဂွဏ်းက ပြောသည်။

“အခုဆိုရင် တံတားအနီးနားမှာ နေ့လည်ဆိုရင် ဆိုင်ကယ်တွေ တန်းစီပြီး ရပ်ထားတာ။ ဒီထိုင်းဘက်က လူတွေက နေ့လည်ဆိုရင် တာချီလိတ် အွန်လိုင်းဂိမ်းတွေမှာ အလုပ်သွားလုပ်ကြတာ။ ည ဆိုပြန်လာတယ်။ တာချီလိတ်မှာက အွန်လိုင်းဂိမ်းမှာ လုပ်တာရှိတယ်။ပြီးတော့ ကာစီနိုရုံတွေမှာ သွားလုပ်တာရှိတယ်” ဟု စိုင်းဂွဏ်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့ထဲတွင် ကာစီနိုရုံ ၊ အွန်လိုင်းဂိမ်း ၊ မူးယစ်ဆေးဝါးတွေ ပေါများလာသည့် ဒေသဖြစ်ပြီး တရုတ်နိုင်ငံသား နှင့် ထိုင်းနိုင်ငံသားတွေက တရားမဝင် နေထိုင်မှုလည်းရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...