Saturday, February 14, 2026

စစ်ကောင်စီ

တောင်ကြီးမြို့ မီတာခ မဆောင်သည့်နေအိမ်များ လျှပ်စစ်မီး ဖျက်ခံရ

သျှမ်းပြည် တောင်ကြီးမြို့တွင် မီတာခ မဆောင်သည့် နေအိမ်များကို မြို့နယ်လျှပ်စစ် ( EPC) ရုံးမှ ဝန်ထမ်းများက လျှပ်စစ်မီး လိုက်လံဖျက်နေကြောင်း စုံစမ်းသိရသည်။ . ပုံမှန်လစဉ် ပေးဆောင်ရမည့် မီတာခများကို မပေးဆောင်သောကြောင့် မြို့နယ် EPC ရုံးမှ ဝန်ထမ်းများသည် အိမ်တိုင်ရောက် မီတာဘောက်ရှိ အဝင်မီးကြိုးကို ဖြတ်ချပြီး...

ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။ . ယနေ့ (သြဂုတ်လ ၂၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရွာငံမြို့နယ် နှင့် သာစည်မြို့နယ်ကြားရှိ မြက်ခါးအင်းကျေးရွာအနီး၌...

နွေဦးတော်လှန်ရေးအတွက် NCA လိုအပ်သလား

နိဒါန်း “NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်း မရှိတော့ပါဘူး”။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တစုံလုံး၏နှလုံးသားသည် အခန်း(၁)ပါ အခြေခံမူများဖြစ်ပြီး အဆိုပါအခြေခံမူကို စစ်တပ်က စစ်အာဏာသိမ်းခြင်းဖြင့် နင်းချေဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးက မြင်သာအောင် ရှင်းပြသည်။ ထို့ကြောင့် NCA ကို အသုံးပြုပြီး နိုင်ငံတကာသို့...

သာသနာ့နယ်မြေ လွိုင်တေးမိန်းနေရာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်မှ သာသနာ့နယ်မြေဖြစ်သည့် လွိုင်တေးမိန်းတောင်ပေါ်သို့ စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်နေကြောင်း သတင်းသိရသည်။ . ယနေ့ (သြဂုတ် ၂၈) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ စတင်ကာ ဆုတောင်းတောင်အရှေ့ဘက် စခန်းချ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သည် စယ်လန့်ကျေးရွာအုပ်စုရှိ...

မူဆယ် – နမ့်ခမ်း လမ်းကြား ကုန်တင်ကားများကို TNLA အဆမတန် ဆက်ကြေး ကောက်ခံနေ

သျှမ်းပြည် မူဆယ် - နမ့်ခမ်း ကြားရှိ ကားလမ်းမပေါ် ပြေးဆွဲနေသည့် ကုန်တင်ကားများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေး (အခွန်) အဆမတန် ကောက်ခံနေကြောင်း ကားသမားထံများမှ စုံစမ်းသိရသည်။ . ယမန်နေ့ (သြဂုတ် ၂၇) ရက်တွင် မူဆယ်...

မူဆယ်မြို့ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးသည် ပိုက်ဆံလုယက်ခံရပြီး သေနတ်ပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ . ယနေ့ (သြဂုတ် ၂၇ )ရက် နံနက် ၈ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှိ မြို့မဈေးလမ်းကြား၌ ငွေလဲလှယ် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား...

ကွန်မန်ဒို စိုင်းထွန်း (သို့မဟုတ်) အမျိုးသားရေးကို ရှောင်မပြေးသူ တော်လှန်ရေးတပ်သား

ရွာလယ်မှာ ရှိတဲ့ သူကြီးအိမ်ကနေ တုံးခေါက်သံ "တတောက်တောက်" ကြားလိုက်ရတယ်။ . စိုင်းထွန်းရဲ့ စိတ်ထဲမှာတော့ တုံးခေါက်သံထက် ရင်ဘတ်ထဲက တဒုန်းဒုန်း ခုန်နေသံက ပို၍ ကျယ်လောင်နေပါတယ်။ ရွာသားတွေ စုဝေးကြဖို့ သူကြီးအိမ်မှ ဟိန်းထွက်လာတဲ့ တုံးခေါက်သံကြောင့် ရွာသားများလဲ အားလုံးကိုယ်စီ စိတ်လှုပ်ရှားစွာ နဲ့ ကိုယ့်အိမ်ကနေ ထွက်လာကြပြီ။ ရွာသူကြီးအိမ်မှာ...

သြဂုတ်လအတွင်း သျှမ်းပြည် ဆန် နဲ့ ကုန်စည်ဈေးနှုန်း အဆမတန် မြင့်တက်

ယခုနှစ် သြဂုတ်လအတွင်း သျှမ်းပြည် တဝှမ်းလုံးတွင် အခြေခံ စားသောက်ကုန်စည်ဈေးနှုန်းများ အပါအဝင် ဆန်၊ ဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည့်အတွက်ကြောင့် ပြည်သူများက စားဝတ် နေရေးခက်ခဲကျပ်တည်းနေရကြောင်း စုံစမ်း သိရသည်။ . သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ သျှမ်းပြည်မှ အခြေခံ စားသောက်ကုန်များ ဖြစ်ကြသည့် ၂ လီတာ...

“အခက်အခဲရှိရင် အားမလျော့ပါနဲ့”

သျှမ်းပြည် လောက်ကိုင်မြို့မှာ Hair Stylist တယောက်အနေနဲ့ ဘာကြောင့် စိတ်ဝင်စားရလဲ။ လူငယ်တယောက်အနေနဲ့ လောက်ကိုင်မြို့မှာ ဘယ်လို ရှာဖွေစားသောက်နေလဲ၊ ဘာတွေ ခက်ခဲနေလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က Hair Stylist စိုင်းဖကို တွေ့ဆုံ မေးမြန်းထားပါတယ်။ . မေး။ ။ ပထမဆုံး အနေနဲ့...

ဖယ်ခုံမြို့နယ်တွင်း တောင်ယာသွားသည့် လင်မယား ၂ ဦး ပစ်သတ်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာ ဒေသခံ လင်မယား ၂ ဦး သည် တောင်ယာ လုပ်ကိုင်ရာမှ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိ နှင့် စက်တော်ရာ ကျေးရွာအနီး တောင်ယာသွားလုပ်နေစဉ် စစ်ကောင်စီက...

Latest news