Wednesday, January 28, 2026

TNLA စခန်းချ နေထိုင်သည့် လွိုင်တေးမိန်းကို စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ စခန်းချ နေထိုင်သည့် သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်မှ စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်ကို စစ်ကောင်စီတပ်က ယနေ့ (သြဂုတ် ၂၉) ရက် မွန်းလွဲ ၄ နာရီဝန်းကျင်၌ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်း ၄ နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် စစ်လေယာဥ်တစ်စီးဖြင့် လွိုင်တေးမိန်းကို ဗုံး ၂ လုံးလာရောက် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသအတွင်း မျက်မြင်တွေ့ရသည့် အသက် ၂၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်လေယာဥ် တစ်စီးက နမ့်ခမ်းဘက်ကနေ တက်လာပြီး လွိုင်တေးမိန်းဘက်ကို ဗုံးနှစ်လုံး ကြဲချသွားတယ်။ အဲ့ကနေ ဖြတ်သွားပြီး နောက်တစ်ခေါက် ပြန်လှည့်လာပြီး နောက်ထပ် ဗုံး ၂ လုံးကို ထပ်ကြဲချ သွားတယ်။ နှစ်ခေါက် ကြဲချတာပေါ့” ဟု မျက်မြင်တွေ့ရသည့် အသက် ၂၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု ရှိ/မရှိ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ ယနေ့ ၂၉ ရက်နေ့ အထိ စစ်ကောင်စီတပ်မှ လွိုင်တေးမိန်းတောင် သို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး စစ်လေယာဥ်ဖြင့်ပါ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် အိမ်ပြင်မထွက်ရဲကြသလို လက်နက်ကြီး အိမ်ပေါ်ကျမည်ကို စိုးရိမ် ကြောက်လန့် နေရကြောင်းလည်း မူဆယ်မြို့ခံ အသက် (၅၀) ကျော် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ထဲကနေ အိမ်ပြင်တွေ မထွက်ရဲတော့ဘူး။ လေယာဥ်နဲ့ပါ လာတိုက်ခိုက်နေတော့ အိမ်ပေါ်ကို လက်နက်ကြီး ကျမလား၊ လေယာဥ်က အိမ်ပေါ်ကနေပဲ ဖြတ်သွားတော့ အဲ့ကနေ ဗုံးကြဲချမလားဆိုတာတွေကို ကြောက်ရတယ်၊ ရွာထဲကို TNLA ဝင်မနေရင် ပိုကောင်းမယ်။ အဲ့ လွိုင်တေးမိန်းတောင်ပေါ်ကနေလည်း ဆင်းလာပြီးတော့ တခြား နေရာမှာသာ ပစ်ခတ်ကြရင် ရွာကိုလည်း မထိတော့ဘူးပေါ့” ဟု အသက် (၅၀) ကျော် မူဆယ်မြို့နယ် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ မူဆယ်မြို့နယ်၊ ဆုတောင်းတောင်မှ သော်လည်းကောင်း၊ ၁၀၅ မိုင်မှ သော်လည်းကောင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေလျက်ရှိပြီး TNLA တပ်ဖွဲ့ကလည်း မူဆယ်မြို့နယ်၊ နောင်ဆိုင် ကျေးရွာမှ တစ်ဆင့် စယ်လန့်ကျေးရွာဘက်သို့ စစ်အင်အား ဖြည့်တင်းမှုများ ရှိနေကြောင်းလည်း သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း စစ်ရေးတင်းမာမှု စတင်ခဲ့ရာ ယနေ့အချိန်ထိ တစ်လကျော်ကြာခဲ့ပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...