အင်းလေး က မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် မိသားစု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် (သြဂုတ် ၂၈ ရက်) ညအချိန်တွင် အင်းလေးဒေသ သပြေပင်သစ် အမှတ် ၃ ကျေးရွာနေ မိသားစု ၄ ဦးကို စစ်ကောင်စီတပ် နှင့် ရဲတပ်များက ပူးပေါင်းပြီး စက်လှေ ၂ စီးနှင့် လူအင်အား ၁၀ ကျော်သုံးကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အင်းလေးဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လာဖမ်းသွားတဲ့အချိန်က ညနေစာ ထမင်းစားပြီးတဲ့အချိန်လောက်ပဲ ကလေးငယ် ၂ ယောက် လူကြီး ၂ ယောက်ပါသွားတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သေသေချာချာမသိဘူး။ အတင်း ဖမ်းခေါ်သွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ ဖမ်းဆီးခေါ်သွားခဲ့သည့် မိသားစုဝင် ၄ ဦးထဲတွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး တို့ပါဝင်သည်။

လက်ရှိမှာ မိသားစု ၄ ဦးထဲမှ ကလေးငယ် ၂ ဦးကို ညောင်ရွှေမြို့နယ် ရဲစခန်းတွင် ချုပ်ထားပြီး၊ မိဘ ၂ ပါးကိုတော့ လူတွေ့ခွင့် မရသေးကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ မိသားစုဝင် ၄ ဦး ဖမ်းဆီးခေါ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်နေကြောင်း စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“ အင်းထဲမှာ ဒီလိုဖြစ်စဉ်တာတွေက မနည်းတော့ဘူး။ တစ်ခေါက်ကလည်း နှင်းဆီပန်း ပုံတင်လို့ အိမ်ဝိုင်းခံရ တာလည်း ရှိတယ်။ သူတို့ထင်ရင် ထင်သလို လိုက်ဖမ်းနေတာ။ အခုလည်း PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာပဲ ဖြစ်နိုင်တယ် “ ဟု မယုလှိုင်သင်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အင်းလေးဒေသမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်ခဲ့ရာ စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးသွားခဲ့ပြီး ယခုချိန်ထိ ပြန်လွတ်မြောက်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...